ထုတ်ပြန်ချက်က (၂)လတိတိအကျုံးဝင်မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်လူနာတွေ ဆက်တိုက်တွေ့ရှိလာတာကြောင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တဲ့ အနေနဲ့ ညမထွက်ရအမိန့်ကို ဒီကနေ့ သြဂုတ်လ(၂၁)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ထုတ်ပြန်ချက်ထဲမှာ ည(၉)နာရီကနေ နောက်နေ့ မနက်(၄)နာရီထိ အပြင်ထွက်ခွင့် မရှိဘူးလို့ သိရပါတယ်။ ညွှန်ကြားချက်အတိုင်း လိုက်နာရန်ပျက်ကွက်တဲ့ သူတွေကိုလည်း ဥပဒေအတိုင်းအရေးယူမှုတွေလုပ်ဆောင်သွားမှာဖြစ်ပြီး ဒီအမိန့်က ထုတ်ပြန်ကြေညာတဲ့ဒီကနေ့ကစလို့ နောက်(၂)လအထိ အကျုံးဝင်မှာပါ။ 



ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်လူနာ အရေအတွက်က ရက်ပိုင်းအတွင်း (၁၉)ဦးထိရှိလာတဲ့အတွက် လက်ရှိမှာ စစ်တွေမြို့ကို Stay at Home အစီအစဉ် သတ်မှတ်ထားကာ ပိုးတွေ့လူနာတွေ တွေ့ရှိတဲ့ ရပ်ကွက်တွေကိုလည်း Lockdown ပြုလုပ်ထားပါတယ်။ စာသင်ကျောင်းတွေကိုလည်း ဒီကနေ့ကစပြီး ယာယီပိတ်သိမ်းကာ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတဲ့ ကျောင်းတွေကို ယာယီဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ 

ပြည်တွင်းကူးစက်မှု မရှိတာ (၁)လကြာမြှင့်ခဲ့ပြီးနောက် သြဂုတ်လ (၁၆)ရက်နေ့မှာ ပြည်တွင်းကူးစက်လူနာအဖြစ် ပြန်လည်တွေ့ရှိခဲ့တဲ့ လူနာ နံပါတ် (၃၇၅)ကစလို့ လက်ရှိရခိုင်ပြည်နယ်ရဲ့ အခြေအနေက စိတ်ပူစရာဖြစ်နေပြီး ဒီအခြေအနေဟာ  မြန်မာတစ်ပြည်လုံးအတွက် အိပ်နေတဲ့လူတစ်ယောက်ကို လှုပ်နှိုးလိုက်သလိုပဲလို့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။ 

ရခိုင်ပြည်နယ်က ပြည်တွင်းကူးစက်လူနာအများစုက ရောပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့ပြီး ကူးတာမျိုးမဟုတ်ဘဲ အတည်ပြုလူနာတွေနဲ့ထိတွေ့ထားတဲ့သူတွေကနေတဆင့် ကူးစက်ခံခဲ့ရသူတွေပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ mask တပ်ကြဖို့နဲ့ မကြာခဏ လက်ဆေးကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေး နှိုးဆော်လျှက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က