တစ်ဦးက စစ်တွေက ပြန်လာသူဖြစ်ပြီး နောက်တစ်ဦးက ဂွက ပြန်လာသူဖြစ်ပါတယ်။

စစ်တွေမြို့နဲ့ ဂွမြို့ နယ် ကနေ လမော်လမြိုင်ကို ပြန်ရောက်လာပြီး ကွာရန်တင်းမဝင်ခဲ့သူ ၂ ဦးကို ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့ မှာ က ကွာရန်တင်းထားလိုက်တယ်လို့ သိရပါတယ်။



" ကျွန်တော်တို့ဆီ ဖုန်းဝင်လာလို့ ကိုဗစ်ကာကွယ်ရေး အပြည့်အစုံနဲ့ သွားရောက် ခေါ်ခဲ့တယ်၊ ပြီးတော့ ကွာရန်တင်းစင်တာကို ပို့ပေးခဲ့တယ်။သူတို့ရဲ့ ဒေတာအချက်အလက် အပြည့်အစုံတော့ မသိရပါဘူး "လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ ကိုနန္ဒလင်းက ပြောပါတယ်။

အဆိုပါ အမျိုးသား နှင့် အမျိုးသမီး ကို မော်လမြိုင်(၁၀)မြို့နယ်အဆောင်သို့ ကွာရန်တင်းဝင်ဖို့ ရာမညအရေးပေါ်ကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးကွန်ယက်ကနေ ပို့ဆောင်ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - ရာမည အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့

သူနဲ့ပတ်သက်ပြီး မော်လမြိုင် မြို့ဒေသခံတစ်ဦးက" စစ်တွေကပြန်ရောက်လာတဲ့ ပညာရေးရုံးက ဝန်ထမ်းလို့သိရတယ်။ ပြန်ရောက်နေတာ (၄)ရက်လောက်ရှိနေပေမယ့် Q မဝင်တာကို သတင်းထွက်လာလို့ တာဝန်ရှိတဲ့သူတွေက သူကို အခုမနက်မှာပဲ Q စင်တာကိုပို့လိုက်တယ်လို့ ကြားတယ် " လို့ ဆိုပါတယ်။

ပို့ဆောင်ပေးခဲ့တဲ့အထဲက အမျိုးသမီး ၁ ဦးဟာ မော်လမြိုင်မြို့ ၊ သိမ်ကုန်းရပ်ကွက်က စစ်တွေပြန် ပညာရေးရုံးဝန်ထမ်းအမျိုးသမီးဖြစ်ပြီး တစ်ဦးက ရခိုင်ပြည်နယ် ဂွမြို့နယ် ဂုံထိပ်မှပြန်လာသူဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က