ပဲလေ့စ့်အသင်းက လက်ကျန် ၉ ပွဲကစားဖို့ ကျန်နေသေးချိန်မှာ အဆင့် ၁၁ မှာရပ်တည်နေပါတယ်။
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ သူတို့အသင်းရဲ့ ဝန်ထမ်းအားလုံးကို ခွင့်ရက် ရှည် သတ်မှတ်ပေးလိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
ခွင့်ပေးသည့်တိုင် ဝန်ထမ်းအားလုံးဟာ လစာအပြည့်အဝ ခံစားရမှာ ဖြစ်တယ်လို့လည်း အသင်းပိုင်ရှင် စတီဗင်ပါ ရစ်ရှ်က ထုတ်ပြန်ပေးခဲ့ပါတယ်။
တဆက်တည်းမှာပဲ ပွဲနေ့များတွင်မှ တာဝန်ထမ်းဆောင်ကြရတဲ့ ဝန်ထမ်းတွေကိုလည်း ပွဲမရှိသည့်တိုင် လုပ်အားခ တွေရမယ်လို့လည်း အသင်းဥက္ကဌက ဆက်လက် ကတိပေးခဲ့ပါသေးတယ်။
ပရီးမီးယားလိဂ်ကို လက်ရှိမှာ ဧပြီလ ၃ ရက်နေ့အထိ ယာယီ ရပ်နားထားပြီး ဆက်လက် ဘာတွေ လုပ်ဆောင် မလဲဆိုတာကိုတော့ ဒီကနေ့(ကြာသပတေး)မှာ လိဂ်အမှုဆောင်ချုပ်နဲ့အသင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်သွားမှာပါ။
မနေ့က(ဗုဒ္ဓဟူး)တော့ လိဂ်ကော်မတီက ကလပ်အသင်းတွေအချင်းချင်း ညှိနှိုင်းမှုတွေလုပ်ဆောင်ခဲ့ကြသလို အင်္ဂါနေ့ကလည်း ချန်ပီယံရှစ်ကလပ်အသင်းတွေက ရာသီသိမ်းနိုင်ဖို့ဆက်လက်လုပ်ဆောင်သွားမယ်လို့ သဘော တူခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် UKမှာ ၇၁ဦး ဝေဒနာ ခံစားနေရပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ချဲလ်ဆီး ကစားသမားတွေလည်း ပါဝင်နေပါတယ်။