အလှူအတွက်ဆို လက်မနှေးသူလေး။

အလှူအတန်းဆို လက်မနှေးသူလေး စမိုင်းလ်က Nokia ဖုန်းအလုံး(၁၀၀)ကို မဲဖောက်ပေးဖို့ စီစဉ်နေတယ်တဲ့။ ဇန်နဝါရီ(၃၀) ရက်နေ့ သစ်တံခါး ဆရာတော်ရဲ့ မွေးနေ့မှာ မဲဖောက်ပေးမယ်လို့ သိရပါတယ်။

Photo : စမိုင်းလ် FB



သရုပ်ဆောင် စမိုင်းလ်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ဦးပါ။ အခုလည်း Nokia ဖုန်းအလုံး(၁၀၀)ကို မဲဖောက်ပေးဖို့ရှိတယ်လို့ သိရပါတယ်။ဇန်နဝါရီ(၃၀) ရက်နေ့မှာ ကျရောက်မယ့် သစ်တံခါး ဆရာတော်မွေးနေ့မှာ မွေးနေ့ပွဲလာတဲ့ ပရိသတ်တွေအတွက် စမိုင်းလ်က Nokia ဖုန်းအလုံး(၁၀၀) ကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

မနက်ဖြန်သစ်တံခါးဆရာတော်ဘုရားမွေးနေ့အတွက်ကုသိုလ်ဒါန Nokia ဖုန်း အလုံး ၁၀၀ ကံစမ်းမဲဖောက်ပေးဖို့ရှိတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကုသိုလ်ယူတာပေ့ါ။ လှိုင်သာယာသစ်တံခါးကျောင်းမှာမနက်ဖြန်ဖောက်ပေးမှာပါ” ဆိုပြီး ဇန်နဝါရီ (၂၈) ရက်နေ့ညက “တရုတ်မလေးကိုချစ်တယ်” Press Show မှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo : စမိုင်းလ် FB

ဆရာတော်ရဲ့ မွေးနေ့မှာ သူမတို့မိသားစုအနေနဲ့ တတ်နိုင်သလောက် ပါဝင်ကုသိုလ်ပြုတာ ဖြစ်တယ်လို့ စမိုင်းလ်က ပြောပါတယ်။ စမိုင်းလ်ရဲ့ ကုသိုလ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း ဝမ်းသာပီတိဖြစ်နေကြပါတယ်။ စမိုင်းလ်ဟာ အလှူအတန်းနဲ့ ပတ်သက်ရင် လက်မနှေးသူ ဖြစ်ပြီး ဘာသာရေးလည်း ကိုင်းရှိုင်းသူ တစ်ဦးဖြစ်ပါတယ်။

Photo : စမိုင်းလ် FB

မကြာခင်မှာလည်း စမိုင်းလ်ကိုယ်တိုင် ရေးသားထားတဲ့ “ဝသောသူကြင်နာပါ” ဆိုတဲ့ စာအုပ်လေးကိုလည်း ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်တွေ့အကြောင်းအရာလေးတွေကို ဝေမျှထားတဲ့ စာအုပ်ကို ဖေဖော်ဝါရီ(၁၀) ရက်နေ့မှာ စတင်ဖြန့်ချိမယ်လို့ သိရပါတယ်။ အဲ့ဒီစာအုပ်လေးထဲမှာ ဘယ်လိုဝိတ်ချရမယ်ဆိုတဲ့ အကြောင်းတွေ အစားအသောက်နဲ့ပတ်သက်ပြီး ထိန်းသိမ်းရမယ့် အကြောင်းတွေကို ဝေမျှထားတာ ဖြစ်တယ်လို့ သိရပါတယ်

Photo : စမိုင်းလ် FB

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် အလှူအတန်း တွေလည်း မကြာခဏဆိုသလို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ်နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က