ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘဝနဲ့ ခိုင်းနှိုင်းခဲ့တာပါ။

 စတာလင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု နဲ့ မန်စီးတီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။


လီဗာပူးလ်ဂန္ထဝင်နောက်ခံလူဟောင်း ကာရေဂါက မန်စီးတီးတောင်ပံကစားသမားစတာလင်ဟာ နေမာထက်ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပြီး စတာလင်ရဲ့ တိုးတက်မှုဟာ မန်ချက်စတာယူနိုက်တက်မှာ ရော်နယ်ဒိုကစားခဲ့စဉ်ကလို အနေအထားမျိုး ဖြစ်လာခဲ့ပြီလို့လည်း သုံးသပ်သွားခဲ့ပါတယ်။

စတာလင်ဟာ အင်္ဂလန်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး နောက်ထပ်တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါက သူ့ရဲ့ကလပ်နဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုးဟာ ပြီးခဲ့တဲ့ရာသီကနေ လက်ရှိအချိန်ထိ ၄၀ ဂိုးအထိ ရှိလာတော့မှာလည်းဖြစ်ပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု နဲ့ မန်စီးတီးအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

"လက်ရှိမှာ စတာလင်က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကစားသမား ၅ ဦး ဒါမှမဟုတ် ၆ ဦးထဲမှာ ပါဝင်နေပါပြီ၊ အဲဒီအစုအဖွဲ့အတွင်းမှာ သူက မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့နောက်မှာ ရှိနေပါတယ်၊ သူနဲ့ ဆာဒီယိုမာနေးတို့က ဘယ်အစွန်တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကစားသမားတွေလို့ ကျွန်တော်ရေးသားခဲ့ဖူးပါတယ်၊ အခုဆိုရင် စတာလင်က နေမာရဲ့ အထက်မှာ ရှိနေပါပြီ"

"သူ့ရဲ့ တိုးတက်လာမှုတွေက မန်ချက်စတာယူနိုက်တက်အသင်းမှာ ရော်နယ်ဒို တိုးတက်လာခဲ့တာနဲ့ တူညီနေပါတယ်၊ သူက ပင်နယ်တီ၊ ဖရီးကစ်တွေကို ရော်နယ်ဒိုလို ကန်သွင်းနိုင်ဖို့ကတော့ ခက်ခဲနေပါတယ်၊ ဒါပေမယ့်လည်း သူက ဒီရာသီမှာ မန်စီးတီးအတွက် ဂိုးပေါင်း ၃၀ လောက်သွင်းယူနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" လိ့ု ကာရေဂါက ပြောဆိုသွားခဲ့ပါတယ်။

စတာလင်ကတော့ ဒီရာသီမှာ မန်စီးတီးအတွက် ၆ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ စတာလင်က ဟက်ထရစ်ရယူနိုင်ခဲ့ပြီး ရာသီသစ်ရဲ့ ပထမဆုံးဟက်ထရစ်သွင်းဂိုးရှင်ဖြစ်လာခဲ့ပါတယ်။ မန်စီးတီးကတော့ ဒီနေ့မှာ နော်ဝှစ်ချ်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅)ကို ကစားသွားရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က