ငယ်စဉ်ကတည်းက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်ခဲ့သူပါ။

လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာဟာ မန်ချက်စတာစီးတီးကြယ်ပွင့် စတားလင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာအောင် မဖြစ်မနေကြိုးပမ်းမှုကို အမြဲတမ်း အထင်ကြီးခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

၂၀၁၅-၂၀၁၆ ရာသီမတိုင်မီ မန်ချက်စတာစီးတီးအသင်းကို မပြောင်းရွှေ့မီက စတားလင်းဟာ လီဗာပူးအသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပြီး ယင်းအချိန်က ဘရန်ဒန်ရော်ဂျာဟာ လီဗာပူးကို တာဝန်ယူကိုင်တွယ်နေချိန်ဖြစ်ပါတယ်။


မန်ချက်စတာစီးတီးအသင်းကို စတားလင်း ပြောင်းရွှေ့မှုဟာ လီဗာပူးပရိသတ်တွေကြားမှာ မထင်ရှားခဲ့ဘဲ စတားလင်းဟာ ယခုရာသီမှာ FWA က ပေးအပ်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ PFA ရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုတို့ကို ရရှိထားသူဖြစ်ပါတယ်။

လက်စတာစီးတီးနည်းပြ ဘရန်ဒန်ရော်ဂျာက အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတားလင်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယခုလိုကစားသမားမျိုးဖြစ်လာဖို့ စတားလင်းဟာ ငယ်စဉ်ကတည်းက ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရာဟင်းစတားလင်းနဲ့ပတ်သက်ပြီး ကျွန်တော် နှစ်သက်တာက ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်အတွက် သူ ဘာလုပ်ချင်လဲဆိုတာကို သူ သိတာပါပဲ”

“ကျွန်တော် လူငယ်ကစားသမားတွေကို သူတို့ ဘာလိုချင်ကြလဲလို့ မေးခဲ့တဲ့အခါမှာ သူက အသက် ၁၇ နှစ်အရွယ်ပဲရှိသေးပေမယ့် ကမ္ဘာပေါ်ကအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီနေရာမှာ အရမ်းထူးခြားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတရံမှာ ဗြိတိန်ကစားသမားတွေက အဲဒီလို ရည်မှန်းချက်မျိုးမရှိကြလို့ပါ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က