ကစားသမားတွေကိစ္စကို ဝင်မပါသင့်ဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်ဟောင်း ယာယာတိုရေးဟာ ရာဟင်းစတားလင်းကို အင်္ဂလန်အသင်းက ပွဲပယ်တာကို ခွင့်မပြုဖို့ ပြောကြားခဲ့ကြောင်း FourFourTwo ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ်ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးစခန်း စိန့်ဂျော့ဂျ်ပတ်မှာ လီဗာပူးကစားသမား ဂျိုးဂိုးမက်ဇ်နဲ့ အချင်းများခဲဲ့တဲ့ မန်ချက်စတာစီးတီးကြယ်ပွင့် စတားလင်းကို ကြာသပတေးနေ့မှာ မွန်တီနီဂရိုးနဲ့ ကစားရမယ့်ပွဲစဉ်လူစာရင်းကနေ ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စတားလင်းနဲ့ဂျိုးဂိုးမက်ဇ်တို့ရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အငြင်းအခုံတွေများစွာရှိနေခဲ့ပြီး စိန့်ဂျော့ဂျ်ပတ်က ဖြစ်စဉ်မတိုင်မီ ၂၄ နာရီက အန်းဖီးကွင်းမှာ လီဗာပူးနဲ့ မန်ချက်စတာစီးတီးတို့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြပြီး စတားလင်းနဲ့ ဂျိုးဂိုးမက်ဇ်တို့ အချင်းများထားကြတာဖြစ်ပါတယ်။

ယာယာတိုရေးက ၎င်းရဲ့ မန်ချက်စတာစီးတီးအသင်းဖော်ဟောင်း ရာဟင်းစတားလင်းဘက်ကနေ ရပ်တည််ပေးခဲ့ပြီး ယင်းပြဿနာဟာ လိုတာထက်ကိုပိုပြီး ပြင်းထန်သလိုမျိုး လုပ်နေကြတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ပက်ဂွါဒီယိုလာအနေနဲ့ ဆောက်ဂိတ်နဲ့ပတ်သက်ပြီး နည်းနည်းလေးတော့ စိတ်ပျက်သင့်ပါတယ်”

“ရာဟင်းက ငယ်ရွယ်သေးပြီး လေ့လာသင်ယူနေဆဲပါ။ တကယ်လို့ ကျွန်တော့်ရဲ့ကစားသမားသာ အဲဒီလို ပြုမူခဲ့မယ်ဆိုရင် ဒေါသထွက်ပြီး ဒီလိုပုံစံမျိုး သူ့ကိုယ်သူ ပြသခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်မိမှာပါ။ ဒါက သူ အနိုင်လိုချင်ပြီး အောင်မြင်မှုတွေ ရရှိချင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး ဒါက အရေးကြီးပါတယ်။ ဒီလို စရိုက်လက္ခဏာမျိုးမရှိတဲ့ကစားသမားတစ်ယောက်က ကျွန်တော့်အတွက်ကတော့ အလကားပါပဲ”

“လူတွေက လိုတာထက်ကို ပိုပြီး ပုံကြီးချဲ့နေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးကွင်းမှာ ဒါက ဖြစ်တတ်တဲ့ကိစ္စပါ။ ပွဲအတွင်းမှာ သူတို့တွေ ထိပ်တိုက်တွေ့ပြီးနောက် လက်ရွေးစင်အသင်းကို တန်းလာရတယ်”

“နည်းပြက ဝင်ပါစရာကို မလိုပါဘူး။ အဲဒါက ကစားသမားရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မကောင်းပါဘူး။ ရာဟင်းက လက်ရှိအချိန် အင်္ဂလန်အသင်းမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ”လို့ Sky Sports News ကို ပြောကြားခဲ့ပါတယ်။

Share

က္က