ဒီရာသီမှာ မခေါ်ယူနိုင်ခဲ့ပါက လာမယ့်နွေရာသီမှာ ခေါ်ယူသွားမှာပါ။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ရော်နယ်ဒိုကို ရောင်းချပြီးတဲ့နောက် တိုက်စစ်ပိုင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှု မပြုလုပ်ရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ရီးရဲလ်ဟာ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ရာဟင်စတာလင်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Photo : Eurosport

 

ဒီသတင်းကို Sky Sports က အတိအကျ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဥရောပအပြောင်းအရွှေ့ရာသီ ပိတ်သိမ်းဖို့အတွက် (၂)ရက်ခန့်သာ လိုတော့တာဖြစ်ပြီး ရီးရဲလ်အနေနဲ့ အဆိုပါအချိန်လေးအတွင်းမှာ စတာလင်ကို ခေါ်ယူနိုင်ဖို့ အလေးအနက်ထား ကြိုးပမ်း ရဖွယ်လည်း ရှိနေခဲ့ပါတယ်။ စတာလင်ကတော့ ဂွာဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

Photo : AS

 

ဒါပေမယ့်လည်း ရီးရဲလ်အနေနဲ့ စတာလင်ကို ဒီရာသီမှာ မခေါ်ယူနိုင်ခဲ့ရင် လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားသွားမယ် လို့လည်း Sky Sports က ဖော်ပြခဲ့ပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအတွက် ခြေစွမ်းပြကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ (၄၆)ပွဲ ကစားခဲ့ရာမှာ (၂၃)ဂိုးအထိ သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

စတာလင်နဲ့မန်စီးတီးအသင်းတို့ကြား စာချုပ်သက်တမ်းဟာ (၂)နှစ်ကျန်ရှိနေပြီး မန်စီးတီးကတော့ ကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ကြိုးပမ်းနေခဲ့ပါတယ်။ ဒါပေမယ့်လည်း စတာလင်က မန်စီးတီးမှာ လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခုနှစ်သောင်းကနေ ပေါင်နှစ်သိန်းခွဲအထိ ရရှိလိုနေပြီး အသင်းနဲ့ကစားသမားကြားမှာ လုပ်ခလစာညှိနှိုင်းနေရတာ ဖြစ်ပါတယ်။

Photo : ESPN

 

Sky Sports ရဲ့ ရေးသားဖော်ပြခဲ့မှုအရဆိုရင် မန်စီးတီးအသင်းအနေနဲ့ စတာလင်ကို စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပါက လာမယ့်နွေရာသီမှာ ရောင်းချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အဆုံးသတ်မှာ ဘာတွေဖြစ်လာလဲဆိုတာ မသိဘူးလို့ ပြောကြားခဲ့ပြီး သူ့အနေနဲ့ စတာလင်ကို မန်စီးတီးမှာ ကာလကြာရှည်စွာ ကစားစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က