မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ခေါ်ယူလာနိုင်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားကို ယူနိူက်တက်နည်းပြဆိုးလ်ရှားက အနီးကပ်စောင့်ကြည့်မှုတွေ ရှိနေခဲ့ပြီး တောင်ပံတိုက်စစ်နေရာကို အားဖြည့်ဖို့အတွက် သင့်တော်တယ်လို့ ယူဆထားကြောင်းလည်း သိရပါတယ်။ 


မန်စီးတီးအသင်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားဖို့ ပိတ်ပင်ခံခဲ့ရမယ်ဆိုပါက မြို့ခံပြိုင်ဘက်ယူနိုက်တက်အသင်းအနေနဲ့ စီးတီးကစားသမားစတာလင်ကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ ကြိုးပမ်းသွားလိမ့်မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးကတော့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရပြီး အဆိုပါပြစ်ဒဏ်ကို အယူခံဝင်ထားရတာဖြစ်ပါတယ်။

နိုင်ငံတကာအားကစားခုံရုံးကတော့ မန်စီးတီးအသင်းရဲ့ အယူခံဝင်ထားမှုနဲ့ပတ်သက်ပြီး လာမယ့် ဇွန်လ ၈ ရက်နေ့မှာ ဆုံးဖြတ်ပေးသွားမှာလည်းဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ အယူခံကျရှုံးခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတချို့ကို လက်လွှတ်ရဖွယ်ရှိနေပြီး အဆိုပါကစားသမားတွေထဲမှာ စတာလင်က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ 

ချန်ပီယံလိဂ်ကစားခွင့်မရခဲ့ပါက စတာလင်ဟာ အသင်းပြောင်းဖို့စဉ်းစားနေပြီး ရီးရဲလ်မက်ဒရစ်ကလည်း သူ့ကိုစိတ်ဝင်စားနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားကို ယူနိူက်တက်နည်းပြဆိုးလ်ရှားက အနီးကပ်စောင့်ကြည့်မှုတွေ ရှိနေခဲ့ပြီး တောင်ပံတိုက်စစ်နေရာကို အားဖြည့်ဖို့အတွက် သင့်တော်တယ်လို့ ယူဆထားကြောင်းလည်း သိရပါတယ်။ 

မန်စီးတီးကတော့ စတာလင်အပြင် အားထားရတဲ့ကွင်းလယ်လူဒီဘရိုင်းပါ ထွက်ခွာမယ့်အရေးကို စိုးရိမ်နေရပြီး အခြားနာမည်ကျော်ကစားသမားတွေကလည်း ထွက်ခွာနိုင်ချေရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ စတာလင်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အသင်းတိုက်စစ်ပိုင်းပိုမိုအင်အားတောင့်သွားမှာဖြစ်ပြီး ဆိုးလ်ရှားလိုချင်တဲ့ ကစားဟန်ကို မြန်မြန်ဆန်ဆန်ရရှိဖွယ်လည်း ရှိနေပါတယ်။ 

တကယ်လို့သာ စတာလင်ကို ခေါ်ယူဖို့ဖြစ်လာခဲ့မယ်ဆိုရင်တော့ ကွင်းလယ်လူဂျက်ဆီလင်ဂတ်က သေချာပေါက်အသင်းကနေထွက်ခွာရဖို့ရှိတယ်လို့လည်း သိရပါတယ်။ လင်ဂတ်ဟာ စမောလင်း၊ အက်ရှ်လေယန်းနဲ့ ပုံမှန်အဆက်အသွယ်ရှိနေပြီး စီးရီးအေမှာကစားနေတဲ့ အဆိုပါကစားသမားနှစ်ဦးက သူ့ကို အီတလီကိုပြောင်းရွှေ့လာဖို့ ဆွဲဆောင်နေတယ်လို့လည်း သတင်းတွေထွက်နေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က