မြန်မာငွေ ၁ သိန်းခွဲကျော်တန်တဲ့ Redmi 7ကတော့ ဘက်ထရီသက်တမ်းခံမှုမှာ လေးစားလောက်တဲ့ ဖုန်းပါပဲ။
Xiaomi sub-brand တစ်ခု ဖြစ်တဲ့ Redmi 7 ဟာ ဘက်ဂျက်ဖုန်းအဖြစ် ထွက်လာတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Weibo ပေါ်မှာ Live လွှင့်စဉ်မှာ standby အထားခံမယ့် ကြာချိန်အကြောင်း စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ ဒီ Live လွှင့်မှုကို လူပေါင်း ၂၈ သန်းကျော် ကြည့်ခဲ့ပြီး Redmi 7 ရဲ့ နောက်ဆုံး final standby အချိန်ကို တကယ်တမ်း မှန်အောင် ခန့်မှန်းနိုင်တာ ၂၀၅ ပဲ ရှိခဲ့ပါတယ်။
Photo: SoyaCincau.com
Redmi 7 ဖုန်းကို မသုံးဘဲ ဒီအတိုင်း ပစ်ထားမယ်ဆိုရင် နာရီပေါင်း ၄၃၅ နာရီအထားခံတာကြောင့် ရက်ပေါင်း ၁၈ ရက်နဲ့၃ နာရီကြာ အားခံတယ်လို့အဖြေထွက်ထားပါတယ်။ ဒီရလဒ်ကို ကြည့်တာနဲ့Redmi 7 ဟာ ပြိုင်ဘက်ဖုန်းတွေထက် ဘက်ထရီသက်တမ်း အပြတ်အသတ်သာတာ သိတာနေပါတယ်။ ဒီဖုန်းဟာ 4000 mAh အကြီးစား ဘက်ထရီနဲ့သုံးထားပြီး ထူးခြားတာက ဘက်ထရီသက်တမ်းကို ထိန်းချုပ်ဖို့ဂရက်ဖိုက် negative electrode သစ်တစ်ခု သုံးထားတာပါ။
ဘက်ထရီသက်တမ်း အားခံဖို့အတွက် Xiaomi ဟာ Redmi 7 မှာ ဘက်ထရီအပူချိန်ကို လျှော့ချပေးမယ့် power optimization စနစ်နဲ့နောက်ကွယ်ကနေ စွမ်းအင်သုံးစွဲမှုကို AI နဲ့စီမံတဲ့ နည်းပညာတွေ ပါဝင်လာပါတယ်။ ဒါကြောင့်ပဲ Redmi 7 ဟာ တစ်ခါအားအပြည့်သွင်းထားမယ်ဆိုရင် နှစ်ရက်အထိ အားခံမယ်လို့ဆိုါပတယ်။ တစ်ခုရှိတာက Redmi Note 7/ Note 7 Pro တို့လို fast charging မပါဘဲ 10W charging စနစ်ပဲ ပါလာတာပါ။
Photo: SoyaCincau.com
ဒီဖုန်းဟာ waterdrop notch ဒီဇိုင်းနဲ့လာပြီး ၆.၂၆ လက်မ HD+ display ၊ Snapdragon 632 processor နဲ့ကျောဘက် dual lens (12MP+2MP ကင်မရာ) တွေ သုံးထားတာပါ။ ဘက်ထရီပိုင်းမှာ AI power saving စနစ် တွေနဲ့အတူ ဘက်ထရီပါဝါအစားသက်သာစေဖို့hardware နဲ့software စနစ်ပေါင်း ၃၀ ကျော် ပါလာပါတယ်။ RAM/storage ဗားရှင်းကို အနည်းဆုံး 2GB/16GB ကနေ 4GB/64GB ဆိုပြီး သုံးမျိုး မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
Redmi 7 ဟာ အနက် ၊ အပြာနဲ့အနီကာလာ ၃ ရောင်နဲ့လာပြီး အနိမ့်ဆုံးမော်ဒယ်ကို ၆၉၉ ယွမ် ( မြန်မာငွေ ၁ သိန်း ၆ သောင်းခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ အမြင့်မော်ဒယ်နှစ်ခု ဖြစ်တဲ့ 3GB/32GB နဲ့4GB/64GB တို့ကို ၇၉၉ ယွမ် ( မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) နဲ့၉၉၉ ယွမ် ( မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။