လွှမ်းပိုင်က Star Award ဆုအတွက် သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားစလုံး ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာကြောင့် ဝမ်းသာဂုဏ်ယူလို့နေပါတယ်။
Photo: Hlwan Paing
လွှမ်းပိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကိုယ်စောင့်နတ်’’ ရုပ်ရှင်ကားကြီးနဲ့ ‘’ ငါ့ကိုနမ်းတဲ့ မုန်တိုင်း’’ ရုပ်ရှင်ကားကြီးတွေဟာ Star Award ဆု အတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
‘’ကျွန်တော်ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ "ကိုယ်စောင့်နတ်"နှင့် "ငါ့ကိုနမ်းတဲ့မုန်တိုင်း" ရုပ်ရှင်ကားနှစ်ကားဟာ ယခုနှစ် အကယ်ဒမီ နှင့် Star Awards ဆုပေးပွဲများ အတွက်ဆန်ခါတင်စာရင်းပါဝင်တဲ့အတွက်အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Hlwan Paing
လွှမ်းပိုင်ဟာ ‘’ငါ့ကို နမ်းတဲ့ မုန်တိုင်း’’ ရုပ်ရှင်ကားထဲမှာတော့ နေညိုသွင် ဆိုတဲ့ ကာရိုက်တာနဲ့ ရိုးရိုးေ အးအေးနေတတ်တဲ့ သာမန်လူငယ်လေးတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ‘’ကိုယ်စောင့်နတ်” ရုပ်ရှင်ကားမှာတော့ အကယ်ဒမီထွန်းထွန်း၊ ထူးအောင် တို့ နဲ့ တွဲဖက်ပြီး တက္ကသိုလ်ကျောင်းသား ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။
Photo: Hlwan Paing
လွှမ်းပိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ငါ့ကို နမ်းတဲ့မုန်တိုင်း’’ ၊ ‘’ ကိုယ်စောင့်နတ်’’၊ ‘’ကြွေ’’ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားတွေဟာလည်း လူငယ်ဆန်ဆန် ဇာတ်ကားတွေဖြစ်တာကြောင့် ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတွေ ဆိုရင်လည်း မမှားပါဘူး။
Photo: Amazing Grace
လွှမ်းပိုင်ကို ပျော်စရာကြီး(၂) သီချင်းအခွေထဲက ‘’ခုန်လိုက်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်အား ပေးမှုရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်ကိုယ်တော် အခွေတွေဖြစ်တဲ့ ‘’ဂီတစာဆိုု လွှမ်းပိုင်’’ အခွေနဲ့ ‘’ဂီတဗေဒ’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိခဲ့ပါတယ်။ ဂီတလောကမှာ အောင်မြင်ရုံသာမက သရုပ်ဆောင်ဘက်မှာလည်း တော်တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ သရုပ်ဆောင်ခင်ဝင့်ဝါကိုယ်တိုင်က Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်။