သက်မွန်မြင့်က Star Awards ရဲ့ People Choice Award ဆုအတွက် တရားဝင်နှုတ်ထွက်လိုက်ပြီလို့ ဆိုပါတယ်။ ဒီဆုအတွက် သူမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့ ငွေကြေးပေးပြီး Voting ပေးရတာကို မလိုလားတဲ့အကြောင်း ဆက်လက်ပြောပြထားပါတယ်။
Photo: Thet Mon Myint
သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်က Star Awards ဆုတွေထဲက People Choice Award ဆုအတွက် Voting စနစ်နဲ့ ရွေးချယ်ရသူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူမဟာ အခုတော့ ဒီဆုကို မလိုချင်တော့ပါဘူးတဲ့။
Photo: Thet Mon Myint
People Choice Award ဆုအတွက် Vote တစ်ကြိမ်ပေးရင် ငွေ ၁၅ ကျပ်ဖြစ်ပြီး အကန့်သတ်မဲ့ပေါင်းများစွာ Voting လုပ်ရတဲ့အပေါ် သဘောကျနှစ်သက်မှု မရှိဘူးလို့ သက်မွန်မြင့်က ဆက်လက်ပြောပြထားပါတယ်။
Photo: Amazing Grace
သက်မွန်မြင့်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ Star Awards ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ရုံတင်ပြသခဲ့တာပါ။ ဥပါယ်တံမျဉ်ဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ဇဏ်ခီ၊ အောင်မြင့်မြတ်၊ သက်မွန်မြင့်၊ ကာရာဗီ၊ ခြူးစစ်ဟန် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။
Photo: Thet Mon Myint
သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။