၂ဝ၁၈ ခုနှစ်အတွက် ထူးခြားတဲ့ကိုယ်စားပြု အရောင်က ဘာများဖြစ်နေမလဲ။
 

အရောင်တွေရဲ့ထူးခြားနက်ရှိုင်းမှုတွေနဲ့ ဖြစ်တည်ပေါ်ပေါက်လာတာတွေက လက်ရှိလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေနဲ့ ဖန်တီးမှုတွေမှာ ဆက်နွယ်ရောယှက်နေကြတာဖြစ်ပါတယ်။ ဒါဆိုရင် ဒီ ၂ဝ၁၈ ခုနှစ်အတွက် ထူးခြားတဲ့ကိုယ်စားပြု အရောင်က ဘာများဖြစ်နေမလဲ။ Pantone Color က ရွေးချယ်ပေးအပ်ထားတဲ့အရောင်တစ်ခုက နက်ရှိုင်းမှုတွေရှိနေတဲ့ ခရမ်းရောင်ပဲဖြစ်ပါတယ်။ သဘာဝတရားမှာရှိနေတဲ့အရောင်တွေဟာ လုံးဝစစ်မှန်တဲ့အရောင်မျိုးမဟုတ်ပါဘူး။ ပေါင်းစပ်ဖွဲ့ စည်းပြီးမှရလာတာများပါတယ်။ Pantone Colour Institute ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ခရမ်းရောင်ဟာ သမားရိုးကျအစဉ် အလာတွေကိုဖောက်ထွက်ပြီး အနုပညာဖန်တီးပုံဖော်မှုကိုကိုယ်စားပြုနေတယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ခရမ်း  ရောင်ဟာဆိုရင်လည်း အရောင်တွေကိုရောယှက်ပေါင်းစပ်ဖန်တီးရာမှာ အရှုပ်ထွေးဆုံးအရောင်အဖြစ်ရှိနေပါတယ်။ ဆန့် ကျင်ဘက်အရောင်၂ခုဖြစ်တဲ့ အပြာနဲ့အနီကို ပေါင်းစပ်ပြီးမှ ခရမ်းရောင်က  ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။

OPPO က F9 ထုတ်ကုန်အတွက် အသစ်မိတ်ဆက်ပေးမယ့် Starry Purple အရောင်သစ်မှာဆိုရင်လည်း ကန့်သတ်ချက်  ပေါင်းများစွာကိုကျော်လွန် ဖန်တီးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ညအချိန်မှာတောက်ပနေတဲ့ပြိုးပြိုးပျက်ပျက်ကြယ် စင်စုတွေကိုကိုယ်စားပြုထားတဲ့ဖန်တီးမှုနဲ့ နက်ရှိုင်းပြည့်ဝတဲ့အနုပညာဖန်တီးမှုကိုကိုယ်စားပြုထားတဲ့ ခရမ်းရောင်တို့ရဲ့  ပေါင်းစည်းမှုအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ကြယ်စင်စုဖြစ်တည်မှုကိုပုံဖော်ထားတဲ့ပန်ချီးကားတစ်ချပ်ဟာ  ကမ္ဘာကျော် ပန်းချီဆရာကြီး Van Gogh ရဲ့လက်ရာတစ်ခုပဲဖြစ်ပြီး ဒီလက်ရာထဲက ကြယ်စင်စုညကိုအခြေခံကာ OPPO F9 ရဲ့ Starry Purple အရောင်သစ်ဟာ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ အရောင်စပ် Gradient ကာလာအဖြစ်ဖန်တီးထားတဲ့ Starry Purple ဟာဆိုရင် သမားရိုးကျအရောင်တစ်ရောင်တည်းရဲ့ကန့်သတ်ချက်ကိုကျော်လွန်ပြီး နက်ရှိုင်းကြီးကျယ်မှုတွေနဲ့အတူ ပုံဖော်ပေးလိုက်တာဖြစ်ပါတယ်။ ခရမ်းရောင်ရဲ့မူလဦးတည်ချက်က လေးနက်တည်ကြည်မှုတွေအပြင် ကန့်သတ်ချက်တွေ ကိုချိုးဖျက်ပစ်လိုက်တဲ့ အနုပညာဖန်တီးမှုတွေကိုပါကိုယ်စားပြုထားတာဖြစ်ပါတယ်။ ဘယ်သူ့ရဲ့လွှမ်းမိုးမှုကိုမှ မလိုချင်တဲ့ ခေတ်ရေစီးကြောင်းရဲ့လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့အရည်အသွေး၊ အစွမ်းအစတွေကို လွတ်လပ်ပေါ့ပါးစွာနဲ့ ရှင်သန်ဖန်တီး  လျှောက်လှမ်းနိုင်စေဖို့ OPPO F9 ရဲ့ Starry Purple က တွန်းအားတစ်ခုအဖြစ် ရပ်တည်ပေးနေပါလိမ့်မယ်။

#OPPOF9

#StarryPurple

https://www.facebook.com/oppomyanmar/?ref=br_tf


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က