မတ်စ်ရဲ့ အိပ်မက်ကြီးတစ်ခုက အင်္ဂါဂြိုလ်ပေါ် မြို့တည်ဖို့ ဖြစ်ပါတယ်။

ပုဂ္ဂလိကအာကာသယာဉ်ကုမ္ပဏီ SpaceX ရဲ့ Starships ဒုံးကျည်ရဲ့ ဓါတ်ပုံတွေကို Twitter လူမှုကွန်ရက်ပေါ်မှာ အီလွန်မတ်စ်က ပြန်မျှဝေလိုက်ပါတယ်။ 

ဖလော်ရီဒါပြည်နယ် Kennedy Space Center မှာ Starship ဒုံးကျည်ပစ်လွှတ်စင်တစ်ခု တည်ဆောက်နေပြီ ဖြစ်ကြောင်း ကြေညာပြီး နှစ်ရက်အကြာမှာ မတ်စ်က Starship ရဲ့ ဓါတ်ပုံကို Twitter မှာ ပြန် Share လိုက်တာ ဖြစ်ပါတယ်။ Kennedy Space Center ရဲ့ သမိုင်းဝင် ဒုံးကျည်ပစ်လွှတ်စင် Launch Pad 39A နားမှာ တည်ဆောက်မှု စတင်နေတာ ဖြစ်ပါတယ်။ Launch Pad 39A ဟာ Falcon 9 နဲ့ Falcon Heavy ဒုံးကျည်တွေ လွှတ်တင်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ 



Photo: Elon Musk Twitter


Stakrship ဒုံးကျည်သစ်တွေဟာ အနာဂါတ်ကာလ အာကာသခရီးသွားလာရေးအတွက် မတ်စ်နဲ့ သူ့ရဲ့ SpaceX ကုမ္ပဏီတို့ရဲ့ အစီအစဉ်ထဲမှာ အရေးပါတဲ့ အာကာသယာဉ်တွေ ဖြစ်လာမှာပါ။ Starship ဟာ အပြည့်အဝ ပြန်အသုံးပြုနိုင်တဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပြီး တစ်ခေါက်ကို လူပေါင်း ၁၀၀ အထိ အင်္ဂါဂြိုလ်ပေါ် သယ်ပို့နိုင်မယ့် အကြီးစားမျိုးဆက်သစ် အာကာသယာဉ်ဖြစ်လာဖို့ ရှိပါတယ်။ ပြန်အသုံးပြုနိုင်တဲ့ Reusable Rocket ဖြစ်တာကြောင့် Starship တွေဟာ အာကာသခရီးတစ်ခေါက်ထွက်လို့ ပြန်လာတိုင်း လောင်စာပြန်လာဖြည့်နိုင်သလို အချိန်တိုအတွင်း ထပ်မံလွှင့်တင်နိုင်မှာပါ။

Starship ဟာ လနဲ့ အင်္ဂါဂြိုလ်တွေပေါ် လူနဲ့ ကုန်စည်တွေ ပို့ဆောင်ရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ရဲ့ ကာလရှည်မျှော်မှန်းချက်ဖြစ်တဲ့ အင်္ဂါဂြိုလ်ပေါ် လူတွေ အခြေချနေထိုင်ရေးအတွက်လည်း တစ်ဆင့်နီးလာပြီလို့ ဆိုရမှာပါ။ ဖလော်ရီဒါ Kennedy Space Center မှာ ဒုံးကျည်ပစ်လွှတ်စင်တစ်ခု တည်ဆောက်နေကြောင်း ကြေညာပြီးနောက်တစ်နေ့မှာပဲ "ကျွန်‌တော်တို့ မကြာခင် ဒါကို တကယ်လက်ဝွေ့ဖြစ်လာအောင် လုပ်တော့မယ်"ဆိုပြီး မတ်စ်က Tweet တင်ခဲ့ပါတယ်။ 

သတင်းတွေအရ Starship ရဲ့ ဒီဇိုင်းဟာ ကမ္ဘာပတ်လမ်းပျံသန်းမှုရော ဝေးလံလွန်းတဲ့ အာကာသတွင်း မစ်ရှင်တွေအတွက်ပါ သုံးနိုင်မယ်လို့ ဆိုပါတယ်။ SpaceX ဟာ လာမ့် ၂၀၂၄ ခုနှစ်မှာ အင်္ဂါဂြိုလ်ပေါ် အာကာသယာဉ်မှူးမပါဘဲ ပျံသန်းတဲ့ မစ်ရှင်တစ်ခုလုပ်ဆောင်ဖို့နဲ့ ၂၀၂၆ ခုနှစ်မှာ လူပါဝင်တဲ့ အာကာသပျံသန်းမှု လုပ်ဆောင်ဖို့ ရည်မှန်းချက် ထားရှိထားပါတယ်။ မတ်စ်ရဲ့ အိပ်မက်ကြီးတစ်ခုက အင်္ဂါဂြိုလ်ပေါ် မြို့တည်ဖို့ ဖြစ်ပါတယ်။ 

Photo: CNBC


Space X ရဲ့ အာကာသယာဉ်သစ်အတွက် ကမ္ဘာပတ်လမ်းထဲ အစမ်းပျံသန်းဖို့အချိန်လည်း နီးကပ်လာပြီ ဖြစ်ပါတယ်။၂၀၂၁ နှစ်ဆန်းပိုင်းမှာပဲ NASA အေဂျင်စီဟာ လူလိုက်ပါမယ့် လဆင်းယာဉ်စနစ်အတွက် SpaceX ကို ဒေါ်လာ ၂.၉ ဘီလျံတန် ကန်ထရိုက်ပေးခဲ့ပါတယ်။ Starships ယာဉ်တွေ သုံးသွားမယ့် ဒီကန်ထရိုက်ထဲမှာ အာကာသယာဉ်မှူးမပါမစ်ရှင်နဲ့ အာကာသယာဉ်မှူးပါ သရုပ်ပြမစ်ရှင်အနည်းဆုံး နှစ်ခု ပါဝင်ရမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ SpaceX ရဲ့ Raptor အင်ဂျင်သစ်ထုတ်လုပ်ရေးအကျပ်အတည်းကြောင့် ကုမ္ပဏီဒေဝါလီခံသွားရနိုင်တယ်ဆိုပြီး မတ်စ်က သတိပေးထားပါတယ်။ 

Share

Loading Next Article...
က္က