Gym ပုံမှန်ဆော့ဖြစ်တယ်တဲ့။

Covid -19 ရောဂါကြောင့် ပရိသတ်တွေ အားလုံး အိမ်မှာနေနေရတဲ့အချိန်မှာ ဘာတွေလုပ်ဖြစ်နေလဲ။

 

photo : ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ Covid-19 ရောဂါကြောင့် အိမ်မှာနေနေရတဲ့ အချိန်တွေမှာ သူမဘာတွေ လုပ်ဖြစ်နေလဲဆိုတာ ပြောပြလာတာပါ။ အိမ်မှာနေနေရတဲ့ အချိန်တွေမှာစာတွေ ဖတ်ဖြစ်နေသလို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးလေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆောင်းယွန်းအိမ်မှာ ပျင်းရင်စာဖတ်တယ်။ နောက်ပြီးတော့ သရုပ်ဆောင်ကျင့်တယ်အိပ်တယ်စားတယ်။ အားကစား လုပ်ဖြစ်တယ်။ တစ်ခါတလေတော့ အပြင်လေးဘာလေး ထွက်ဖြစ်တယ်” လို့ သူမက Duwun ကိုပြောပါတယ်။

photo : ဆောင်းယွန်းစံ

ဆောင်းယွန်းအနေနဲ့ ဧပြီလကုန်မှာ ခန္ဓာကိုယ်ပြောင်းလဲသွားဖို့အတွက် ရည်ရွယ်ပြီး Gym ကို သေချာ ဆော့ဖြစ်နေတယ်လို့ ဆိုပါတယ်။အရမ်းကြီး ပြောင်းလဲမလား မပြောင်းလဲဘူးလားဆိုတာကတော့ သေချာမသိနိုင်သေးပါဘူးတဲ့။” ဧပြီလအကုန်မှာ ခန္ဓာကိုယ် ပြောင်းလဲအောင်လုပ်ဖို့ Gym က ဆရာကိုပြောထားတာဆိုတော့ Gym ဆော့ ဖြစ်တယ်။ တကယ်ပြောင်းလဲမပြောင်းလဲတော့မသိဘူး ။ အရမ်းပြောင်းလဲသွားအောင်တော့မလုပ်ဖူးဘူး။ ပြောင်းလဲချင်မှလည်း‌ေ ပြာင်းလဲမှလေ တစ်လလောက်ပဲ ဆိုတော့ သူများတွေတောင်တစ်နှစ် ၂နှစ်လောက် ဆော့ရတာကို ဆောင်းကတော့ လက်ရှိမှာ ပုံမှန်ဆော့ဖြစ်တယ်။ အဓိကတော့ ကိုယ်ခံအားကောင်းဖို့ပါ” လို့ သူက ပြောပါတယ်။

 

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။

 

Share

က္က