တစ်နေ့တာ ဖြတ်သန်းမှုတွေကို ပြောပြလာပါတယ်။

ဆုမြတ်နိုးဦးဟာ သူမရဲ့ Stay Home တစ်နေ့တာကို Facebook မသုံးပဲ ဇာတ်ကားတွေ ကြည့်ဖြစ်တဲ့အကြောင်း ပြောလာပါတယ်။ 

Photo: Hsu Myat Noe Oo



COVID-19 ကာလ အိမ်မှာနေနေရတဲ့ အနုပညာရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြလာကြပါတယ်။ မင်းသမီးချောလေး ဆုမြတ်နိုးဦးကလည်း COVID-19 ကာလ မှာ တစ်နေ့တာ ဖြတ်သန်းမှုတွေအကြောင်းကို Duwun Media ပြောလာပါတယ်။ 

"Stay Home နေတာ ကြာပြီဆိုတော့ အဓိက က မြတ်နိုး ရုပ်သံဇာတ်လမ်းတွဲတွေကြည့်ဖြစ်တယ်။ ရုပ်ရှင်ကြိုက်တာလည်းပါတယ်။ အိုက်တင်တွေလည်း ကြည့်လို့ရတာပေါ့နော်။ ပြီးတော့ စားတယ်၊ အိပ်တယ်။ အိပ်ချိန်၊ စားချိန်တွေကလည်း မမှန်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျသွားအောင်တော့ motivation လေးတွေ ယူနေတယ်။ Facebook လည်း သိပ်မသုံးဖြစ်ဘူး။ တချို့သတင်းတွေကကျတော့ ဟုတ်တာရှိသလို မဟုတ်တာတွေလည်းရှိတယ်။ ဒါတွေကို ကြည့်ပြီး တအားစိတ်ညစ်ရတယ်။ တချို့ဇာတ်လမ်းတွဲတွေကြည့်နေရင်တောင် Noti တွေ အကုန်ပိတ်ပြီးမှ ကြည့်ဖြစ်တယ်" လို့ ဆိုပါတယ်။ 

Photo: Hsu Myat Noe Oo

သူမဟာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အမြဲတမ်း လျှောက်သွား လျှောက်စားခဲ့ကြတဲ့ အချိန်တွေကို သတိရနေမိတယ်လို့လည်း ဆုမြတ်နိုးဦးက ပြောပါတယ်။ 

" အခုချိန်မှာလည်း မြတ်နိုးရဲ့ သူငယ်ချင်း တစ်အုပ်ကြီးကို တစ်စုတစ်စည်းတည်း တွေ့ချင်နေပါပြီ။ မနည်းကို စိတ်ထိန်းထားရတာပါ။ အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုပြောနေရတာနဲ့ အခု Video Call ပြောရတဲ့ ခံစားချက်က ဘယ်လိုမှ မတူပါဘူး။ သူငယ်ချင်းတွေ တစ်ဖွဲ့လုံး စုံပြီးတော့ စားကြသောက်ကြနဲ့ စကားတွေ တစ်ယောက်တစ်ပေါက် ပြောချင်နေပြီ။ ခရီးတွေလည်း သွားချင်တယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Hsu Myat Noe Oo

သရုပ်ဆောင် ဆုမြတ်နိုးဦးဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ သတိထားမိခဲ့တာ ဖြစ်ပါတယ်။ ပေးလာတဲ့ ကာရိုက်တာအပေါ်မှာလည်း အကောင်းဆုံးနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အခုဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို လက်ခံရရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း စီနီယာ အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က