ပီဇာလည်း စားချင်တယ်။

နန်းသူဇာဟာ ချစ်သူကိုရော၊ သူငယ်ချင်းတွေကိုရော လွမ်းနေပြီလို့ ဆိုလာပါတယ်။ 

Photo: Nan Thu Zar



နန်းသူဇာကတော့ Stay Home နေရတဲ့ ကာလ တစ်လျှောက် ချစ်သူဖြစ်တဲ့ ကျော်ထွဋ်ဆွေကို သတိရနေတယ်လို့ ဆိုပါတယ်။ စားချင်တဲ့ အစားအသောက်လေးတွေလည်း အများကြီးရှိတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ကိုကျော်ထွဋ်ဆွေကို သတိရတယ်၊ တွေ့လည်း တွေ့ချင်တယ်။ Let’go မိသားစုတွေ၊ သူငယ်ချင်းတွေ အကုန်လုံးကို သတိရတယ်။ အပြင်ထွက်ချင်တယ်။ ပီဇာလေးစားချင်တယ်၊ Bubble Tea လေး သောက်ချင်တယ်။ ဒီအချိန်မှာ ကျန်းမာရေးကို ပိုဂရုစိုက်ရမှာလေ ကိုယ်ခံအားကောင်းဖို့က အဓိကပါ။ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကို လိုက်နာပေးကြပါလို့လည်း ပြောချင်ပါတယ်" လို့ သူက ဆိုပါတယ်။ 

Photo: Nan Thu Zar

သူမဟာ အရင်တုန်းက အနုပညာအလုပ်တွေ၊ ကိုယ်ပိုင်စီးပွားရေးတွေ လုပ်နေသူဖြစ်တာကြောင့် မိသားစုကို သိပ်အချိန်မပေးဖြစ်ဘူးလို့ ဆိုပါတယ်။ အခုချိန်မှာတော့ သူမရဲ့ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးဖြစ်တယ်လို့လည်း နန်းသူဇာက ပြောပါတယ်။ 

“နန်းသူဇာကတော့ အိမ်မှာပဲ အိပ်တယ်၊ စားတယ်၊ ရုပ်ရှင်ကြည့်တယ်၊ ပြီးရင် ဧည့်ခန်းထဲမှာ ကိုယ့်မိသားစုနဲ့ စကားတွေပြောတယ်၊ မိသားစု ဂိမ်းလေးတွေ ဆော့ဖြစ်တယ်။ကိုယ့်ဘာသာကိုယ် ပျော်အောင်ပဲ ဖြတ်သန်းနေရတာပေါ့။ ဒီအချိန်မှာ ခြံနဲ့နေတဲ့သူတွေက ပိုကောင်းတယ် ခြံထဲမှာ Work Out တွေ အများကြီးလုပ်လို့ရတယ်။ နန်းသူဇာတို့ တိုက်ခန်းက ကျဉ်းတော့ လေ့ကျင့်ခန်း သေချာလုပ်လို့မရဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nan Thu Zar

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။




ဆက်စပ်အကြောင်းအရာများ

Share

က္က