အိမ်မှာနေပြီး သူမ ဘာတွေလုပ်တယ်ဆိုတာကို ပြောပြလာပါတယ်။

ဆိုဖီယာကတော့ COVID-19 ကာလအတွင်း အိမ်မှာနေလည်း ခန္ဓာကိုယ်အတွက် အကျိုးရှိတာလေးတွေ လုပ်စေချင်တယ်လို့ ပြောလာပါတယ်။ 

Photo: Fabtasy



အဆိုတော် ဆိုဖီယာကတော့ COVID-19 ကာလ အတွင်း အိမ်မှာနေရင်း အလုပ်တွေ လုပ်ဖြစ်နေတဲ့အကြောင်းပြောပြလာပါတယ်။ အိမ်မှာ အလကားနေမယ့်အစား အကျိုးရှိတာလေးတွေ လုပ်ပါလို့လည်း Duwun Media ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခဲ့တာပါ။ 

“ ညီမကတော့ အိမ်ထဲက အိမ်ပြင်တော့ မထွက်ဘူး။ ဒါပေမယ့် လိုအပ်တာတွေတော့ သွားဝယ်တယ်။ အိမ်မှာ ပိုးသတ်ဆေးတွေ ထားတယ်။ အပြင်ကနေ ပြန်လာတိုင်း ပိုးသတ်ဆေးဖြန်းတယ်။ အစကတည်းက အိမ်ကို ဧည့်သည်မလာတော့ အခုချိန်မှာ အဆင်တော့ ပြေတာပေါ့နော်။ ဒီ COVID-19 ပြီးသွားရင်တော့ သီချင်းတွေ ထွက်ဖို့ရှိတယ်။ အိမ်မှာ GYM ဆော့တယ်။ အစားအသောက်လုပ်တာတွေ သင်တယ်၊ အသားအရေ ထိန်းသိမ်းတယ်။ အချိန်အလကားကုန်မှာထက် အကျိုးရှိတာတွေ လုပ်သင့်တယ်" လို့ ဆိုပါတယ်။ 

Photo: Sofia

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသူတွေ အများကြီးပါပဲ။ ဒါကြောင့် အနုပညာရှင်များကလည် း စားနပ်ရိက္ခာတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့ အင်အားနဲ့ လှူဒါန်းနေကြတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင်တော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၂၂)ဦးရှိပြီဖြစ်ပြီး သေဆုံးသူ (၃) ဦးရှိခဲ့ပြီလို့ သိရပါတယ်။

Photo: Sofia

COVID-19 ရောဂါပိုးလည်း မြန်မြန်ပျောက်စေချင်နေပြီလို့ ဆိုဖီယာက ပြောပါတယ်။ အပြင်တွေ အမြဲထွက်တတ်တဲ့ သူမအတွက်တော့ အိမ်မှာနေရတာ အဆင်ပြေတာများတယ်လို့ ဆိုပါတယ်။ 

“ ကိုယ်က အခုဆို အိမ်ထဲမှာချည်းနေတာ သိပ်မကြာသေးဘူး။ အရင်တုန်းက အပြင်ပဲ ထွက်နေတာလေ။ အိမ်မှာနေတဲ့ အချိန်ဆိုတာ လက်ချိုးရေတွက်လို့ရတယ်။ အခု အိမ်မှာနေတဲ့အချိန်မှာ မီးက ပျက်တာနဲ့ ရေက ပျက်တာနဲ့ တော်တော်ကို နေရထိုင်ရတာ အဆင်မပြေဖြစ်တယ်။ သူငယ်ချင်းတွေ ဖုန်းခေါ်ပြီးရစ်လိုက်နဲ့ အငြိမ်မနေသလိုဖြစ်တာ အခုအခြေအနေကြီးက လုံးဝကို မခံစားနိုင်တော့ဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။

Photo: Sofia

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း “ The Guest’’ ဆိုတဲ့ MTV လေးအသစ်တစ်ခု ထွက်ရှိထားပါသေးတယ်။ ဒီထဲမှာတော့ ဆိုဖီယာနဲ့ အတူ နင်ဇီမေက တွဲဖက်သီဆိုထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

က္က