သူမဆုတောင်းလေးက ချစ်ဖို့ကောင်းလိုက်တာ။

သူမရဲ့ ဘဝမှာ သားနဲ့အမျိုးသားရဲ့ ပျော်ရွှင်နွေးထွေးမှုကို အရမ်းမက်မောခဲ့တာကြောင့် ၂၀၁၉ မှာလည်း ချစ်ရတဲ့ သူတွေနဲ့ အချိန်တိုင်း အတူူတူရှိရပါစေဆိုပြီး ဆုတောင်းထားတာတွေ့ရပါတယ်။

Photo : သဉ္ဇာနွယ်ဝင်း FB

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ၂၀၁၉ မှာ သူမလိုချင်တဲ့ ဆုလေးတစ်ခုကို ဆုတောင်းခဲ့ပါတယ်။ ဘဝမှာ မိသားစုက ပေးတဲ့ ပျော်ရွှင်မှုလောက် အေးချမ်းပြီး တာရှည်ခံတာ မရှိဘူးလို့ ဆိုပါတယ်။ သူမရဲ့ ဘဝမှာ သားနဲ့အမျိုးသားရဲ့ ပျော်ရွှင်နွေးထွေးမှုကို အရမ်းမက်မောခဲ့တာကြောင့် ၂၀၁၉ မှာလည်း ချစ်ရတဲ့ သူတွေနဲ့ အချိန်တိုင်း အတူူတူရှိရပါစေဆိုပြီး ဆုတောင်းထားတာတွေ့ရပါတယ်။


ဘဝမှာ မိသားစုကပေးတဲ့ ပျော်ရွှင်မူ့လောက် အေးချမ်းတာ တာရှည်ခံတာမရှိပါဘူး ။မိဘ ဆိုတာ ကိုယ့်သားသမီးရဲ့ ရှေ့ဆောင်လမ်းပြ ဆိုတော့ ပိုပြီးဂရုစိုက်ဖြစ်တယ် နောက်ပြီး ကိုယ့်ယောကျာ်း ရဲ့ချစ်ခင်တဲ့စိတ်တွေ ပိုပြီးတိုးစေချင်တာလဲပါတာပေါ့နော် ဦးနှောက် ထဲမှာ သားနဲ့ ယောကျာ်းနဲ့ရဲ့ ပျော်ရွှင်မူ့ နွေးထွေးမူတွေကို အရမ်းမက်မောလို့ ဒီ၂၀၁၉ မှာ အရင်နှစ်တွေလို အချိန်တိုင်း ဒီသားနဲ့ ချစ်ရတဲ့ယောကျားနဲ့ပဲ အချိန်တိုင်းတူတူ ရှိရပါစေလို့ဆုတောင်းပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ (၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။


လက်ရှိအချိန်မှာ သူမရဲ့ ဘဝမှာ အပျိုတုန်းကလို စိတ်ညစ်လို့ ဝိုင်သောက်ပြီး စိတ်ပျော်အောင် လုပ်တတ်တဲ့ ကလေးကလားအတွေးတွေလည်း မရှိတော့ဘူးလို့ ပြောထားပါသေးတယ်။

အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိအချိန်မှာတော့ သူမရူးသွပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေကို အရမ်းသတိရနေပါတယ်တဲ့။တစ်ခါတလေဆိုရင် အိမ်မက်ထဲမှာတောင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီဆိုပြီး အိမ်မက်တွေတောင် မက်နေမိတယ်လို့ ဆိုပါတယ်။


ယခုလက်ရှိ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး ပြန်လွှင်တဲ့အခါကျရင် သေချာပြန်ကြည့်ဖြစ်သလို အမှတ်ရစာလေးတွေကိုလည်း ပြန်သတိရမိတယ် ဆိုတာကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သဉ္ဇာနွယ်ဝင်းဟာ အခုဆိုရင် မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က