ရွှေမှုန်ရတီကတော့ သူတို့ရဲ့ အိမ်ထောင်ရေးဘဝလေးဟာ နေ့စဉ် နေ့တိုင်း ချစ်တဲ့အကြောင်းတွေ ပြောလို့မကုန်ပါဘူးတဲ့။ အခုလက်ရှိမှာလည်း သူတို့ ဇနီးမောင်နှံ နှစ်ယောက်ပေါင်းပြီး သီချင်းအသစ်တွေ ထပ်လုပ်သွားမယ်လို့ သိရပါတယ်။
Photo: Shwe Hmone Yati
ပရိသတ်တွေ အားကျရတဲ့ ဇနီးမောင်နှံ ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီ တို့ရဲ့ အိမ်ထောင်ရေးလေးက တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ တစ်ယောက် နဲ့ တစ်ယောက်ကလည်း အရမ်းကို ချစ်ကြသူတွေဖြစ်ပါတယ်။
''ချစ်တဲ့ အကြောင်း ပြောလို့မဝတာနေ့စဉ်နေ့တိုင်းပဲ '' ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က ရွှေမှုန်ရတီရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနေောက် အင်ဒိုနီးရှားခရီးစဉ်က အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း တင်ခဲ့ပါတယ်။ ရွှေမှုန် တို့ ရဲ့ အိမ်ထောင်ရေးလေးကို အားကျတဲ့ ပရိသတ်တွေကလည်း Comment ကနေတေဆင့် ကြည်နူးမှုတွေ ထပ်တူခံစားရကြောင်း ပြောပြထားတာတွေ့ရပါတယ်။
Photo: Shwe Hmone Yati
ရွှေမှုန်ရတီတစ်ယောက် ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ အတူ စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် သီချင်းအတူတူ ဆိုခဲ့တာကို တွေ့ရပါတယ်။ ရွှေမှုန်ရတီက စင်မြင့်ထက်မှာ ပထမဆုံးအကြိမ် သီဆိုဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။
‘’ ပျင်းလို့ ... ကျားကျားနဲ့ ဒဂုံကျောင်းလိုက်သွားရင်း ...’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၆ နာရီ ၃၅ မိနစ်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဒဂုံတက္ကသိုလ်မှာရှိတဲ့ ကျောင်သား၊ ကျောင်းသူ တွေနဲ့ အတူ ‘’အမှား’’ သီချင်းကို ရွှေထူးနဲ့ ရွှေမှုန်ရတီတို့က သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။
Photo: Shwe Hmone Yati
ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပါပြီ။ ရွှေထူးကလည်း လက်ရှိမှာ တတိယမြောက် တစ်ကိုယ်တော်အခွေ အတွက် ပြင်ဆင်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူပါ။
Photo: Shwe Hmone Yati
ရွှေဇနီးမောင်နှံရဲ့ ပထမဆုံး အတူတူ သီဆိုထားတဲ့ ''အမှား'' သီချင်းကလည်း လူငယ်တွေကြားမှာ အောင်မြင်နေဆဲဖြစ်ပါတယ်။ ရွှေမှုန် အတွက် ရွှေထူးက သီချင်းအသစ်တွေ ဖန်တီးပေးဦးမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။