နောက်ထပ် စံချိန်သစ်တင်မယ့် အပူချိန်မြင့်တက်မှု ကြုံရနိုင်သေးကြောင်း ခန့်မှန်းထားပါတယ်။

ဩစတြေးလျနိုင်ငံမှာ ပျမ်းမျှအပူချိန် ၄၀.၉ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ရောက်ရှိခဲ့ပြီး စံချိန်တင် အပူဆုံးနေ့ကို ကြုံတွေ့ခဲ့ရကြောင်း မိုးလေဝသဌာနက ပြောပါတယ်။

(Photo: AAP Image)

ဩစးတြေလျးမိုးလေဝသဌာန Bureau of Meteorology (Bom) က ထုတ်ပြန်မှုအရ ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) အပူချိန်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က ၄၀.၃ ဒီဂရီဆဲလ်စီးယပ်ဖြင့် ယခင် အပူဆုံးနေ့အဖြစ် စံချိန်တင်ထားမှုကို ကျော်လွန်ခဲ့ကြောင်း သိရပါတယ်။ မိုးခေါင်ခြောက်သွေ့မှုနဲ့ တောမီးလောင်မှုတွေ ရင်ဆိုင်နေရတဲ့ ဩစတြေးလျမှာ အပူချိန် စံချိန်တင်သစ်တင်မှုကို ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

(Photo: EPA)

မိုးလေဝသခန့်မှန်းသူတွေက ယခုသီတင်းပတ်နှောင်းပိုင်းမှာ ပြင်းထန်တဲ့ အပူချိန်ကို ကြုံတွေ့နိုင်သေးပြီး ယမန်နေ့ရဲ့ အပူချိန်စံချိန်သစ်ကို ထပ်မံကျော်လွန်နိုင်သေးကြောင်း ပြောထားပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ ရာနဲ့ချီ ဖြစ်ပွားနေခဲ့ရာ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ရဲ့ သဘာဝဘေးအန္တရာယ် ရင်ဆိုင်ရမှုအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ ထို့အတူ ၎င်းအစိုးရအဖွဲ့ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများကိုလည်း ဝေဖန်မှုတွေရှိနေပါတယ်။



အပူချိန်မြင့်တက်မှုကြောင့် ဩစတြေးလျမှာ အမြဲကြုံတွေ့နေရတဲ့ တောမီးလောင်မှု၊ မိုးခေါင်မှုနဲ့ ရေကြီးမှုကဲ့သို့ သဘာဝဘေးအန္တရာယ်တွေကို မကြာခဏနဲ့ ပိုမိုပြင်းထန်စွာ ဖြစ်ပေါ်နိုင်ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ အပူလှိုင်းကျရောက်မှုတွေဟာ ဩစတြေးလျမှာ လူသေဆုံးမှုအများဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ပြီး တောမီးလောင်မှုနဲ့ ရေကြီးမှုတွေထက် လူဦးရေ ထောင်နဲ့ချီ ပိုမိုသေဆုံးစေခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က