သူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေ အပြောခံရမှာစိုးရိမ်တယ်တဲ့။

ပိုင်တံခွန်က သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို ဝေဖန်ပြောဆိုကြမှာစိုးတဲ့အတွက် လိမ္မာအောင်ပိုကြိုးစားမယ်လု့ိ ဆိုပါတယ်။ သူက လက်ရှိမှာတော့ မိန်းကလေးပရိသတ်အချစ်တွေကို အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

Photo: Paing Takon



ပိုင်တံခွန်က ပရိသတ်တွေအတွက် လိမ္မာအောင်ကြိုးစားနေထိုင်တယ်လိုု့ ဆိုပါတယ်။ ဒီလိုနေလိုက်တာကလည်း သူ့ရဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးတစ်ခုကို ဆောင်ရွက်လိုက်တာ ဖြစ်တယ်လို့ ရင်ဖွင့်စကားဆိုလာပါတယ်။

‘’ကျွန်တော်အရင်က တကယ်အရမ်းဆိုးတယ်။ နောက်ပိုင်း လိမ္မာအောင်ကြိုးစားပြီး နေတယ်။ ကျွန်တော့်ကြောင့် ကျွန်တော့်ပရိတ်သတ်တွေ အပြောခံရမှာစိုးလို့ အဲဒီလိုပဲ ပရိတ်သတ်တွေလည်း တစ်ယောက်နဲ့ တစ်ယောက် မိသားစု လိုချစ်ချစ်ခင်ခင်ရှိခြင်းနဲ့ ကျွန်တော့်ကို support လုပ်ပေးနော်။ ချစ်တယ်’’ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Paing Takon

သူဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုတွေထက် တီဗီကြော်ငြာတွေ၊ Fashion တွေ အများဆုံး ရိုက်ကူးဖြစ်နေတာကို တွေ့ရပါတယ်။ အောင်မြင်တဲ့ မော်ဒယ် တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကိုတော့ မိန်းကလေး ပရိသတ်တွေက တစ်ခဲနက် အားပေးထားကြတာဖြစ်ပါတယ်။ သူ့ရဲ့ အချစ်ရေး နဲ့ပတ်သက်ပြီးတော့လည်း မကြာခဏဆိုသလို ကောလာဟလတွေ ထွက်လေ့ရှိတာကို တွေ့ရပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က