မွေးနေ့ရှင်စိုးရန်အောင်အတွက် ဇနီးချောလေး သက်သခင်က လိုချင်တဲ့မွေးနေ့လက်ဆောင်ကို မပေးနိုင်သေးဘူးလို့ဆိုပါတယ်။ သူတို့ဇနီးမောင်နှံဟာ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက မင်္ဂလာပွဲ ဆင်နွဲှခဲ့ကြတာပါ။
Photo; စိုးရန်အောင်
သက်သခင်က ချစ်ရတဲ့ခင်ပွန်း စိုးရန်အောင်အတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်။ သူတို့ အိမ်ထောင်သက်တမ်းကလည်း တစ်နှစ်တောင် မပြည့်သေးပါဘူး။
‘’ Happy Birthday ပါယောက်ျား။ ယောကျ်ားလိုချင်တဲ့မွေးနေ့လက်ဆောင်ကိုနောက်နှစ်မှယူတော့နော်။ မိန်းမကိုဒီထက်မကပိုချစ်ပြီးအလိုလိုက် ဂရုစိုက်နိုင်ပါစေလို့။ ချစ်မိန်းမ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၆ နာရီ ၂၁ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။
Photo: စိုးရန်အောင်
စိုးရန်အောင်နဲ့ သက်သခင်တို့ဟာ ချစ်သူသက်တမ်း ၈ နှစ်ကျော်အကြာမှာ လက်ထပ်ခဲ့ကြပါတယ်။ နှစ်ယောက်စလုံးကလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ၈ နှစ်ကြာလက်တွဲလာခဲ့တဲ့ သူတို့ ချစ်သူနှစ်ဦးကိုတော့ ပရိသတ်တွေက အားကျလို့နေပါတယ်။
သူတို့ ချစ်သူနှစ်ဦးဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က စေ့စပ်ကြောင်းလမ်းပွဲကို အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာတော့ ပရိယတ္တိသဒ္စမ္ဗပါလ အောင်မြေဘုံသာသျှမ်းကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ မေလ ၆ ရက်နေ့ ညမှာတော့ မင်္ဂလာညစာစားပွဲကို Melia Hotel မှာကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Photo: စိုးရန်အောင်
စိုးရန်အောင်က အခုလက်ရှိမှာလည်း အနုပညာအလုပ်တွေ လုပ်နေသူတစ်ဦးဖြစ်ပါတယ်။ သက်သခင်ကတော့ အိမ်ထောင်ပြုပြီးသွားတဲ့နောက် အနုပညာအလုပ်တွေ ဆက်လက်လုုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ သူတို့ ဇနီးမောင်နှံရဲ့ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ‘’My Pizza’’ ဆိုတဲ့ ပီဇာဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။