မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ တိုင်ရွန်ကတော့ Ro တတ်တဲ့ကောင်လေး တစ်ယောက်ပါလို့ ဆိုပါတယ်။ လက်ရှိ သူ့ရဲ့ အချစ်ရေးကရော ဘယ်လိုဖြစ်နေလဲဆိုတာ ပြောပြခဲ့ပါတယ်။
Photo : တိုင်ရွန်
သရုပ်ဆောင် တိုင်ရွန်ကတော့ သူချစ်တဲ့သူတွေကို ဂရုစိုက်ရတာ ကြိုက်တယ့် ကောင်လေးတစ်ယောက်ပါ။ သူချစ်တဲ့သူအတွက် Ro ပေးတတ်တဲ့သူမျိုးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“လူတွေက ချစ်နေရင် Ro တာပဲ မချစ်တော့ရင်သာ လူတွေက လူဆိုးဖြစ်နေကြတာ။ စချစ်မယ်ဆိုရင် လူတိုင်းက ဘယ်လောက် Ro မလဲဆိုတာ စဉ်းစားတတ်ကြတယ်။ နောက်ပိုင်း ရိုးသွားမှသာ အချိန်မပေးတော့တာ ။ အဲ့ဒါမအားလို့မဟုတ်ဘူး မချစ်တော့တာ။ စစလိုက်ချင်းတော့ အရမ်း Ro တာ နောက်မှသာ အရှိန်လျော့သွားတာ။ ကျွန်တော်ကတော့ ရိုတတ်တဲ့ ထဲမှာ ပါတယ်လို့ ထင်တယ်။ အရမ်းကြီးတော့ ရိုတတ်တာတော့ မဟုတ်ဘူး။ဒါပေမယ့် ချစ်တဲ့သူတွေကို ဂရုစိုက်ရတာ ကြိုက်တဲ့ ထဲမှာတော့ ပါတယ်"”လို့ အောက်တိုဘာ(၉) ရက်နေ့က ပြုလုပ်တဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကား Red Carpet Show မှာ ပြောပြခဲ့တာပါ။
Photo : တိုင်ရွန်
မိန်းကလေး အရမ်းဆန်တဲ့ မိန်းကလေးမျိုးကိုု သဘောမကျတတ်တဲ့ တိုင်ရွန်ရဲ့ လက်ရှိအချစ်ရေးကတော့ တစ်ယောက်တည်းပါပဲလို့ ဆိုပါတယ်။ သူသဘောကျတဲ့ ကောင်မလေးပုံစံလေးကိုလည်း ယခုလို ပြောပြခဲ့ဖူးပါတယ်။
‘အသားဖြူဖြူလေးကို ကြိုက်တယ်။ ပုံစံအရဆိုရင် ယောကျာ်းလေးတွေနဲ့ တ န်းတူပေါင်းတဲ့ မိန်းကလေမျိုးကို သဘောကျတယ်။ ပေ့ါပေ့ါပါးပါးနေတတ်တဲ့ မိန်းကလေးမျိုးကို သဘောကျတယ် ။ မိန်းမဆန်တာမျိုး သဘောမကျဘူး” ဆိုပြီး သြဂုတ်လ(၁) ရက်နေ့က ပြုလုပ်တဲ့ ပုရိသ ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ ပြောပြခဲ့တာပါ။
Photo : တိုင်ရွန်
ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေအတွက် စံပြတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားပြီး နေထိုင်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့အနုပညာရှ င်တစ်ယောက်ဖြစ်တဲ့ အတွက် ရှေ့ဆက်ပြီးတော့ လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။
မော်ဒယ်လောကမှာကတည်းကအောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။