ပွဲကြီးက ခမ်းခမ်းနားနားကြီး မိုက်လိုက်တာ။

မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကို နိုဗိုတယ်ဟိုတယ်မှာ အနုပညာမောင်နှမတွေနဲ့အတူ ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ပွဲမှာလည်း သူမကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Mozey Collection ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

မိုးစက်ဝိုင်ရဲ့ အသက်(၃၁) နှစ်ပြည့် မွေးနေ့ပွဲကို မေလ(၂၀) ရက်နေ့က Novotel Hotel Max မှာ အနုပညာမောင်နှမတွေနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီနှစ်မွေးနေ့မှာ သူမက မွေးနေ့ပွဲလည်း ပြုလုပ်ခဲ့သလို ပရဟိတမွေးနေ့အလှူကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ မွေးနေ့အလှူအနေနဲ့ မိဘမဲ့ ကလေးကျောင်းမှာ Indoor ကလေးကစားကွင်းလေး ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။



 “မိုးစက်မွေးနေ့ရောက်တိုင်း မိဘမဲ့ကလေးတွေကို တစ်ခုမဟုတ်တစ်ခုလုပ်ပေးတယ်။ ဒီနှစ်မှာတော့ မိဘမဲ့ကလေးကျောင်းလေးတစ်ခုမှာ Indoor ကလေးကစားကွင်းတစ်ခု လုပ်ပေးတယ်။ ကလေးတွေ နေရိပ်ထဲမှာ ဆော့နိုင်ဖို့အတွက်ရည်ရွယ်ပြီး လုပ်ပေးထားတာပါ” လို့ သူမက မေလ(၂၀) ရက်နေ့က မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့ပွဲမှာ နယ်ပယ်အသီးသီးက အနုပညာရှင်တွေ တက်ရောက်ခဲ့ကြသလို နာမည်ကြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ မိုးစက်ဝိုင်ဟာ သူမရဲ့ မွေးနေ့ပွဲကို Let’s Party with Wine လို့ နာမည်ပေးထားတာ ဖြစ်ပြီး မွေးနေ့ပွဲမှာ သူမကိုယ်တိုင် ထုတ်လုပ်ထားတဲ့ Mozey Collection အသစ်တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

Photo : LI John

မိုးစက်ဝိုင်ဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ၂၀၁၃ ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီဖြစ်သလို Mozey ဆိုတဲ့ Brand ကိုလည်း ကိုယ်တိုင်ဦးစီးပြီး ထုတ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က