အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာဖို့ရှိနေတဲ့အခြေအနေမှာ လက်ရှိနည်းပြကိုပဲ ဆက်လက်တာဝန်ပေးဖို့ နယူးကာဆယ်ပရိသတ်အများစုက အလိုရှိနေကြတာလည်းဖြစ်ပါတယ်။
နယူးကာဆယ်အသင်းပိုင်ရှင်မိုက်ခ်အက်ရှ်လေအနေနဲ့ဆော်ဒီအိမ်ရှေ့မင်းသားရဲ့စရံငွေပေးချေမှုအချို့ကိုလက် ခံခဲ့ပြီးဖြစ်တယ်လို့သတင်းဖော်ပြမှုတွေရှိလာခဲ့ပြီးတဲ့နောက်လက်ရှိနည်းပြစတိဗ်ဘရုစ်ကိုပဲနည်းပြအဖြစ်ဆက်လ က်တာဝန်ပေးခန့်ထားဖို့ ပရိသတ်အများစုက ဆန္ဒရှိနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လက်ရှိမှာဆော်ဒီအိမ်ရှေ့မင်းသားဘယ်လ်ဆယ်မန်အနေနဲ့ အသင်းကို အပြီးသတ်လွှဲပြောင်းရယူပြီးပါက ထိပ် သီးကစားသမားအများစုခေါ်ယူဖို့ပြင်ဆင်နေပြီး အရင်နည်းပြဟောင်းဘင်နီတက်ဇ်ကို ပြန်လည်ခေါ်ယူဖို့ဆန္ဒရှိ နေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။
Independent ရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းပရိသတ်စုစုပေါင်း ၉၆ ဒဿမ ၇ ရာခိုင်နှုန်းက အသင်း ပိုင်ရှင်အပြောင်းအလဲပြုလုပ်မယ့်အခြေအနေကို ထောက်ခံခဲ့သလို တဖက်တွင်လည်းလက်ရှိနည်းပြစတိဗ်ဘရုစ် ကိုပဲ ဆက်လက်အခွင့်အရေးပေးဖို့ အလိုရှိနေကြတာပါ။
“ စတိဗ်ဘရုစ်က ပရီးမီးယားလိဂ်ဝါရင့်နည်းပြပါ။ အသင်းတစ်သင်းကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာလည်း သိထားသူပါ။ ဘဏ္ဍာရေးအခြေအနေအရ အတိုင်းအတာတစ်ခုအထိသာ လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် အ ကောင်းဆုံးလုပ်ဆောင်ထားနိုင်သူလို့ပြောလို့ပါတယ်။ အသင်းအတွက် ပေးဆပ်ထားသူဖြစ်လို့ အသင်းတိုးတ က်လာချိန်မှာလည်း အချိန်အတိုင်းအတာတစ်ခုအထိ အခွင့်အရေးပေးသင့်ပါတယ် ” လို့ နယူးကာဆယ်အသင်း ကစားသမားဟောင်း အက်စပယ်ရယ်လာက မှတ်ချက်ပြုပြောဆိုခဲ့ပါသေးတယ်။
စစ်တမ်းအချို့အရ လက်ရှိရာသီမှာ ကစားသမားသစ်ခေါ်ယူအားဖြည့်မှုပိုင်းအားနည်းခဲ့ပေမယ့် ပွဲစဉ် ၂၉ အပြီး ၉ပွဲနိုင် ၈ပွဲသရေ ၁၂ပွဲရှုံး ရမှတ်၃၅မှတ်နဲ့ အဆင့်၁၃နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့န ည်းပြစတိဗ်ဘရုစ်ကို ထောက်ခံသူပရိသတ်အရေအတွက် ၈ဝရာခိုင်နှုန်းကျော်ရှိနေခဲ့တယ်လို့လည်း ဗြိတိန်မီဒီ ယာတွေက ဖော်ပြနေကြပါတယ်။