ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ ဟက်ဒါစ်ဖီးလ်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် စတုတ္ထအဆင့်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက ဟက်ဒါစ်ဖီးလ်အသင်းကို ဦးဆောင်ကစားနိုင်ခဲ့ပြီး ၁၆ မိနစ်မှာ ဟီဂူအင်က ကန်တေရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် ချယ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
၄၆ မိနစ်မှာ အက်ဇ်ပလီကူတာကို ကာချွန်ဂါက ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ချယ်ဆီးအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ဟာဇက်က အမှားအယွင်းမရှိ ချယ်ဆီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အိမ်ရှင်ချယ်ဆီးအသင်းကပဲ ဆက်လက်ဖိအားပေးဦးဆောင်နိုင်ခဲ့ပြီး ၆၆ မိနစ်မှာ ဘာကလေရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ဟာဇက်က ချယ်ဆီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
၆၉ မိနစ်မှာ ဟီဂူအင်က ကန်တေရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ချယ်ဆီးအသင်းအတွက် ၎င်းရဲ့ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၈၆ မိနစ်မှာ ဝီလီယံရဲ့ ပေးပို့မှုကနေတဆင့် ဒေးဗစ်လုဇ်က ချယ်ဆီးအသင်းအတွက် ပဉ္စမမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် တစ်ပွဲလျော့နေတဲ့ အာဆင်နယ်အသင်းရဲ့အထက် အဆင့်လေးနေရာမှာ ယာယီရပ်တည်နိုင်ခဲ့ပါတယ်။