အင်ဒိုနီးရှားကတော့ ဗီယက်နမ်ကို ၃-၂ နဲ့ အနိုင်ယူပြီး ဆီးဂိမ်းဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။ အင်ဒိုနီးရှား ယူ၂၂ အသင်းဟာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ကာ ဗီယက်နမ်ကို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ်သွင်းပြီး ထိုက်တန်တဲ့ နိုင်ပွဲကို ရရှိသွားခဲတ့ာပါ။ တယောက်လျော့ခဲ့ချိန်မှာတော့ အဖိုးတန်အနိုင်ဂိုးကိုပါ သွင်းနိုင်ခဲ့တဲ့အထိ သူတို့က လုပ်ပြနိုင်ခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ လက်ပစ်ဘောတွေကနေ ဂိုးသွင်းယူနိုင်အောင် အသေအချာပြင်ဆင်လေ့ကျင့်ထားခဲ့တာပါ။ အုပ်စုပွဲတွေမှာလည်း သူတို့ရဲ့ လက်ပစ်ဘောကနေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့သလို ဒီနေ့မှာလည်း လက်ပစ်ဘောတွေကနေ သွင်းဂိုး ၂ဂိုးအထိ ရယူနိုင်ခဲ့ကာ တော်တော်လေးချီးကျူးရမယ့် ပုံစံကို ပြသသွားခဲ့ပါတယ်။
သူတို့ရဲ့ လက်ပစ်ဘောတွေက ဂိုးဧရိယာထဲကို အမြဲတမ်းလိုလိုပစ်ထည့်နေခဲ့ပြီး ပြန်လျှံထွက်လာမှုကနေ ပိတ်သွင်းယူနိုင်ခဲ့တာပါ။ အင်ဒိုက အဖွင့်ဂိုးရခဲ့ပြီး ဗီယက်နမ်က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် နောက်တကြိမ် အင်ဒိုက ဦးဆောင်ခဲ့ပြီး ဗီယက်နမ်က ချေပဂိုးတွေပြန်သွင်းခဲ့ပါတယ်။ ပွဲပြီးခါနိးမှာ အင်ဒိုနီးရှားဘက်က ကစားသမားတဦး အထုတ်ခံခဲ့၇ပေမယ့်လည်း အနိုင်ဂိုးကိုတော့ သူတို့ပဲ သွင်းယူနိုင်ခဲ့တာပါ။
အင်ဒိုနီးရှားကတော့ ဒီနေ့ညနေကစားမယ့် မြန်မာ-ထိုင်းပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာပါ။ လက်ရှိမှာ အင်ဒိုနီးရှားက တော်တော်လေးခြေစွမ်းပြနေပြီး အုပ်စုပွဲစဉ်တုန်းက မြန်မာကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့ သူတို့မကြာခင်မှာ သိရှိရတော့မှာပါ။