personal computer တွေမှာပဲ ကြားရမယ့် onboard storage မျိုးကို Samsung ဟာ စမတ်ဖုန်းမှာ သုံးသွားမယ်လို့ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Photo:mspoweruser
အရင်က Galaxy Note 9 မှာ ဈေးကွက်ထဲက အမြင့်ဆုံး built-in storage ဖြစ်တဲ့ 512GB ကို သုံးခဲ့တဲ့ Samsung ဟာ ဒီနှစ် ပထမ ၆ လအတွင်း မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။ CNET သတင်းမှာတော့ Samsung ဟာ စမတ်ဖုန်းတွေကို notebook တစ်လုံးလိုမျိုး သုံးနိုင်ဖို့ရည်ရွယ်ပြီး အကြီးအကျယ် ထုတ်လုပ်နေတာလို့ဖော်ပြထားပါတယ်။
တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီ Samsung ဟာ 1TB ပါဝင်တဲ့ embedded Universal Flash Storage (eUFS) ကို အကြီးအကျယ် ထုတ်လုပ်နေပြီ ဖြစ်လို့Galaxy Note 9 512GB မော်ဒယ်ထက် နှစ်ဆသိုလှောင်အားမြင့်တဲ့ ဖုန်းတွေကို ဒီနှစ်မှာ မြင်ရဖို့သေချာသလောက် ရှိပါတယ်။ onboard storage 1TB နဲ့လာမယ့် ဒီဖုန်းဟာ 4K ရုပ်ထွက်မြင့် ၁၀ မိနစ်စာ ဗွီဒီယိုဖိုင် ၂၆၀ အထိ သိမ်းဆည်းနိုင်တော့မှာပါ။
လက်ရှိ ဈေးကွက်မှာ အသုံးများတဲ့ မော်ဒယ် 64GB မှာတော့ ၁၀ မိနစ်စာ 4K ဗွီဒီယို ၁၃ ခုပဲ သိမ်းဆည်းနိုင်တာ ဖြစ်လို့စမတ်ဖုန်းတစ်လုံးရဲ့ သိုလှောင်စွမ်းအားဟာ ခေတ်သစ်တစ်ခုဆီကို ဦးတည်လာပြီလို့တောင် ပြောနိုင်ပါတယ်။ Samsung အနေနဲ့microSD card ရဲ့ အချက်အလက်ပေးပို့တဲ့ speed ကိုလည်း ၁၀ ဆအထိ မြှင့်တင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။ 1TB နဲ့လာတဲ့ ဖု်န်းဟာ Galaxy S10 series ဖြစ်မလားဆိုတာ စိတ်ဝင်စားစရာပါ။
Smartisan R1 (Photo: xiaomitoday)
အတည်ပြုလို့မရသေးတဲ့ သတင်းတွေမှာတော့ Samsung ဟာ မျိုးဆက်သစ် Galaxy S10 ဖုန်းထဲက အမြင့်ဆုံးမော်ဒယ် ဖြစ်တဲ့ ကျောဘက် ကင်မရာ ၄ လုံး ၊ ရှေ့ကင်မရာ ၂ လုံး ပါတဲ့ ဖန်းမှာ 1TB storage ကို သုံးသွားမယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။ Samsung ကတော့ 1TB storage သုံးတဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းဟာ စမတ်ဖုန်းလောကမှာ ပထမဆုံးလို့ပြောပေမယ့် ဒီဖုန်းအရင် 1TB storage သုံးထားတဲ့ ဖုန်းတစ်လုံးလည်း ရှိပါတယ်။
မျက်နှာပြင် ၆.၁၇ လက်မရှိတဲ့ Smartisan R1 လို့ခေါ်တဲ့ တရုတ်ဖုန်းမော်ဒယ်တစ်ခုဟာ Snapdragon 845 chipset နဲ့အတူ 1TB UFS 2.1 internal storage သုံးထားတာ ဖြစ်ပြီး အမြင့်ဆုံး RAM 8GB/1TB stoage ကို ၁၃၈၈ ဒေါ်လာ (မြန်မာငွေ ၁၈ သိန်း ၈ သောင်းခန့်) ဈေးနဲ့ပြီးခဲ့တဲ့နှစ် မေလထဲမှာ မိတ်ဆက်ခဲ့တာပါ။