48 နာရီ ပြမယ့် Story အပြင် Privacy ပိုင်း အားဖြည့်ထားတဲ့ Telegram Feature အဖြစ် မြင်ရမှာပါ

Social Media မှာ အများစု တွေ့နေရတဲ့ Stories ကို Pioneer လုပ်ခဲ့သူက Snapchat ပါ ၊ 2013 မှာ စသုံးခဲ့ပေမယ့် အတွင်ကျယ်ဆုံး Platform က Meta နဲ့ WhatsApp ပါ။

အထူးသဖြင့် Facebook နဲ့ Messenger မှာ အများဆုံး တွေ့ရသလို Instagram မှာပါ Popular ဖြစ်နေတဲ့ Story ကို Google ပါ သုံးနေပြီ ဖြစ်သလို တမျိုးတဖုံနဲ့ ပြသပေးဦးမှာ Telegram ပါ။

Founder “Pavel Durov” ဆိုသူက လာမယ့် ဇူလိုင်လက စပြီး အသက်သွင်းမှာ ဖြစ်သလို Meta Feature တွေကို Copy/Paste လုပ်ထားတာ မဟုတ်ဘူး ပြောပါတယ်။

6 ၊ 12 ၊ 24 နဲ့ 48 နာရီ ကုန်ဆုံးချိန်နဲ့ သုံးနိုင်မယ့် Telegram Story မှာ Caption Support ပါလာမယ် ၊ စမတ်ဖုန်းရဲ့ အရှေ့ ၊ အနောက် ကင်မရာတွေနဲ့ တပြိုင်နက်ထဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုကို ဖော်ပြပေးနိုင်မယ်။

Privacy အနေနဲ့ Everyone သို့ သူငယ်ချင်း Only သို့ Contact ထဲက တချို့လူ မပြဘူး စသဖြင့် ရွေးချယ်လို့ရမယ့် Granular Person Mode လည်း ပါလာမယ် ၊ ဒါကို ဆွဲထုတ်လို့ရတဲ့ Section တစ်ခု အနေနဲ့ Chat List ထဲမှာ သွားသုံးနိုင်ပြီး တချို့ Contact ထဲက မမြင်ချင်တဲ့ Stories ကိုပါ သွားပိတ်ထားနိုင်မှာပါ။

ကိုယ် Highlight လုပ်ချင်တဲ့ Stories တွေကို Profile ထဲမှာ အမြဲ ပြသနေဖို့ ရွေးချယ်နိုင်မယ့်အပြင် Stories တခုချင်းစီရဲ့ Privacy Setting ကိုပါ ပြောင်းနိုင်တာမို့ တချို့သူတွေအဖို့ အသုံးတည့်မှာပါ။

ဒီ Setting တွေ အလုပ် ဖြစ်မဖြစ် အတွင်းပိုင်းကျကျ လေ့လာနိုင်ပြီး စမ်းသပ်သူ Telegram Member တွေ နှစ်သက်နေတဲ့ Feature တစ်ခုဖြစ်ပါတယ် ၊ အဲ့ဒါက Stories တစ်ခုချင်းစီရဲ့ စာတိုတွေကို ပြန် Repost လုပ်နိုင်တာက မဆိုးဘူးလို့ သုံးသပ်မိသလို တကယ်လို့ Telegram မှာ Stories Feature ရလာခဲ့ရင် အသေးစိတ် စမ်းသပ်ဖို့ မမေ့ပါနဲ့ဦး။

လတ်တလော Social Media သတင်းတွေမှာ Twitter ပြိုင်ဖက် ဖြစ်လာမယ့် Meta App အသစ်နဲ့ Post တင်ရလွယ်အောင် AI အစားထိုးထားတဲ့ LinkedIn သတင်းတိုက ရေပန်းစားနေပါတယ်။

Source: GSMArena

Share

Loading Next Article...
က္က