Facebook အပိုင် Streaming Platform ဖြစ်တဲ့ Facebook Gaming ကတော့ လက်ရှိပြင်းထန်လျှက်ရှိတဲ့ Streaming Platform တွေကြားက တိုက်ပွဲထဲကို ဝင်ရောက်လာပြီလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့လပိုင်းလောက်ကမှ ကမ္ဘာ့အကြီးဆုံး Streaming Platform ဖြစ်တဲ့ Twitch က ထိပ်တန်း Streamer ၂ ဦးကို Microsoft ရဲ့ Mixer က ခေါ်ယူလိုက်တဲ့နောက်ပိုင်းမှာတော့ Streamer အပြောင်းအရွှေ့သတင်းဟာ လူအများစိတ်ဝင်စားတဲ့ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။


         အဲဒီလိုလူအများကြီးစိတ်ဝင်စားနေတဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေတာကို Facebook က အခွင့်ကောင်းယူပြီး သူတို့မှာလည်း Streaming Platform ရှိတယ်ဆိုတာကို လူအများသတိထားမိစေမယ့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကျော် Streamer တစ်ဦးကို Facebook Gaming အတွက်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်တာပါပဲ။ Facebook Gaming ကခေါ်ယူလိုက်တဲ့ Streamer ကတော့ Disguised Toast ပဲဖြစ်ပါတယ်။

         Disguised Toast ရဲ့နာမည်အရင်းက Jeremy Wang ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုင်ဝမ်လူမျိုး ကနေဒါနိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။ Streamer အသက်မွေးဝမ်းကြောင်းကို ၂၀၁၅ ခုနှစ်က စတင်ခဲ့ပြီး Hearthstone ဂိမ်းနဲ့အတူလူသိများလာခဲ့ပါတယ်။ Riot Games ရဲ့ League of Legends ကိုအခြေခံထားတဲ့ Auto Battler ဂိမ်း Teamfight Tactics ဂိမ်းထွက်ရှိပြီးနောက်ပိုင်းမှာတော့ Main Game အဖြစ်ပြောင်း Stream ခဲ့ရမှာတော့ Follower အရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်။ သူ့ရဲ့ Twitch Channel ဟာ Follower ပေါင်း ၁.၃ သန်းကျော်ရှိပြီး Youtube Channel ကို Subscribe ပြုလုပ်သူပေါင်းဟာ ၁ သန်းနီးပါးရှိပါတယ်။ ဒါ့အပြင် သူ Stream တိုင်း ကြည့်ရှုသူ ပျမ်းမျှအရေအတွက်ဟာ ၁၀၀၀၀ ကျော်တာကြောင့် Twitch ရဲ့ထိပ်တန်း Streamer တစ်ဦးလို့ဆိုရမှာပဲဖြစ်ပါတယ်။


         လက်ရှိမှာတောာ့ Disguised Toast တစ်ယောက် Facebook Gaming ကိုပြောင်းရွှေ့သွားတာနဲ့ပတ်သတ်တဲ့ ဝေဖန်ချက်ပေါင်းစုံကိုကြားနေရပါတယ်။ အများစုကတော့ Mixer လို Streaming သီးသန့် Platform မျိုးကိုမပြောင်းဘဲ Facebook Gaming ကိုပြောင်းရွှေ့သွားတဲ့အတွက်ကြောင့် မကျေနပ်သူတွေရှိနေသလို ဆက်အားပေးနေမယ် ဆိုသူတွေလည်း ရှိနေပါတယ်။

အနောက်တိုင်းဂိမ်းအသိုင်းအဝိုင်းက လူတော်တော်များများကတော့ Twitch ကလွဲရင် ကျန်တဲ့ Streaming Platform တွေကို အထင်ကြီးခြင်းမရှိဘဲ Facebook Gaming လို လူမှုကွန်ယက်နဲ့တွဲထားတဲ့ Platform မျိုးကို ပိုလို့တောင် အထင်မြင်သေးကြပါတယ်။ အဲဒါကြောင့်လည်း Twitch Streamer တွေ နောက် Platform တစ်ခုကိုပြောင်းတိုင်း ဝေဖန်သံတွေ ဆူညံနေတာပဲဖြစ်ပါတယ်။


ဘယ်လိုပဲဝေဖန်သံတွေညံနေပါစေ Facebook Gaming ဟာ လူမှုကွန်ယက်ရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် အသုံးပြုသူသန်းထောင်ချီရှိနေကာ လူပေါင်းများစွာနဲ့ပိုပြီး ထိတွေ့နိုင်မယ့် အခွင့်အရေးရှိနေတာဟာ Streamer တွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။


Written by Myo Thant Kyaw

Share

က္က