Surprise တစ်ခါမှ မရခဲ့ဖူးဘူးတဲ့။

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းဟာ ပရိသတ်အားပေးချစ်ခင်ခြင်းကို ရရှိထားတဲ့ ပြိုင်ပွဲဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ စက်တင်ဘာ(၂၇) ရက်နေ့က ချစ်တတ်လွန်းတဲ့  ပရိသတ်တွေကြောင့် မျက်ရည်တွေတောင် လည်ခဲ့ရတယ်လိုု့ သိရပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းဟာ ပရိသတ်အားပေးချစ်ခင်ခြင်းကို ရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အမြဲတမ်း တရင်းတနှီး စကားပြောတတ်သလို သူမရဲ့  လှုပ်ရှားမှုတော်တော်များများကိုလည်း ပရိသတ်တွေ နဲ့အတူ ဖြတ်သန်းဖြစ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

စက်တင်ဘာ(၂၇) ရက်နေ့ကလည်း သူမရဲ့ ပရိသတ်တွေကြောင့် ပျော်ခဲ့ရတဲ့ အပျော်လေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

"အသက်တွေပဲကြီးလာတယ် ဒီလ်ုမျိုးလက်ဆောင်တွေရဖို့မပြောနဲ့ မွေးနေ့ကိတ်တောင် ဘလိုခွဲရမယ်ဆိုတာမသိခဲ့ဘူး ။တခါမှ မရခဲ့ဖူး ဘူးလေ ငိငိ အသက်ကြီးမှ Surprise တိုက်ကြတယ် ။ဘယ်ချိန်ကတည်းက ကြိတ်ကြံစည်ကြမှန်းမသိ မတ်မတ်ရင်ခုန် စိတ်လှုပ်ရှား မျက်ရည် လည် မိပါတယ်လို့စ် " ဆိုပြီး ငွေဇင်လှိုင်းက စက်တင်ဘာ(၂၇) ရက်နေ့က ပြောထားတာတွေ့ရပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

သူမရဲ့ မွေးနေ့မရောက်သေးပေမယ့်လည်း မွေးနေ့အကြိုလုပ်ပေးခဲ့တဲ့ ပရိသတ်တွေကြောင့်သူမမှာ အရမ်းကို ပျော်ခဲ့ရပါတယ်။

" မွေးနေ့တောင်မရောက်သေးဘူး မလာနိုင်ကြမှာစိုးပြီး  ကြိတ်ကြံထားကြတာတဲ့   အော်ချစ်တတ်လိုက်ကြတာ အကြိုမွေးနေ့လေးမှာ အမှတ် တရ များစွာနဲ့ ပျော်ရွှင်နေသော တမူးပန်ဒါ" ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။ငွေဇင်လှိုင်းက သူမရဲ့ အပျော်လေးတွေကို စာလေးတွေနဲ့ ရေးသားပြောပြထားသလို သူမရဲ့ ပုံလေးတွေကိုလည်း တင်ထားတာတွေ့ရပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

ငွေဇင်လှိုင်းဟာ လက်ရှိမှာ ဖျော်ဖြေပွဲသွားနေရတာ တွေ့ရပါတယ်။ ငွေဇင်လှိုင်းက ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပေမယ့်လည်း  သူမရဲ့ ပရိသတ် တွေအတွက် သီချင်းအသစ်တွေနဲ့ ပြန်လာခဲ့ပါမယ်လို့ သူမက ပြောပါတယ်။

"ငွေဇင်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလုပ်ဖို့ရှိတယ်။ ပြီးတော့ ငွေဇင် Single လေးတွေလည်း ထွက်ဖို့ရှိတယ်။Featuring လေးတွေ လည်း ဆိုမယ်။အခုလောလောဆယ် အဆင်သင့်ဖြစ်နေတဲ့ သီချင်း လေးတွေလည်း ရှိတယ်။ ချက်ချင်းချပြဖို့ရတဲ့ အနေအထားမဟုတ်သေး တော့ အကုန်လုံးကို အကောင်းဆုံးပြင်ဆင်ပြီးရင်တော့ ငွေဇင်ပြန် လာခဲ့ ပါ့မယ်။ငွေဇင်မှာကအစကတည်းက သီချင်းတွေ ရှိခဲ့ပေမယ့် ပရိသတ်မရှိခဲ့ဘူး ချပြဖို့အခွင့်အရေးမရခဲ့ဘူး ။ဒါပေမယ့် အခု Myanmar Idol ဝင်လိုက်တဲအချိန်မှာ ပရိသတ်တွေလည်း ရသွားပြီးတော့ ငွေဇင့်အတွက် အားရှိသွားပြီ။ " သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက် ခဲ့ရပါတယ်။ မကြာခင်မှာ ပရိသတ်တွေရှေ့ကို အနုပညာ လှုပ်ရှားမှုတွေနဲ့ ပြန်လည်ရောက်ရှိလာဦးမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က