နာမည်ကျော် အိုင်တီပညာရှင်များ တက်ရောက်ပြီး Guest Speakers အဖြစ် ဟောပြောကြတဲ့ UCSY IT Camp ကို ဇူလိုင် ၂၅ ရက်နေ့က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
photo: UCSY IT Camp
UCSY IT Camp ကို ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ၂၀၁၆ မှာတော့ မကျင်းပဖြစ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ယခုနှစ် IT Camp မှာတော့ တက်ရောက်သူ ၂၀၀၀ ကျော်နဲ့ဆွေးနွေးဟောပြောသူ Guest Speaker ၄၀ နီးပါး ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ယခုပွဲနဲ့ပတ်သတ်ပြီး ပွဲစီစဉ်ကျင်းပသူတစ်ဦး ဖြစ်တဲ့ ကိုမျိုးသူထက်မှ "တက်ရောက်သူ ဦးရေကတော့ ပွဲမစခင် အွန်လိုင်း register လုပ်ထားတာ ၆၀၀ ကျော် ၇၀၀ နီးပါး ရှိထားတာပါ။ အွန်လိုင်း register လုပ်သူရော အပြင်က offline တက်ရောက်သူရောဆိုရင် ၂၀၀၀ ကျော် ရှိပါတယ်။ " လို့ဆိုပါတယ်။
ဟောပြောမည့် အစီအစဉ်ဘုတ်ရှေ့မှ ကျောင်းသား/သူများ
ပွဲအစီအစဉ်အတွက် အချိန် ၂ ပတ်အတွင်း ကျင်းပလိုက်တာ ဖြစ်လို့ယခုနှစ်အတွင်းမှာ အခက်အခဲတစ်ချို့ရှိခဲ့တယ်လို့UCSY IT-Camp မှာ PR အဖြစ် တာဝန်ယူခဲ့သူ ကိုဟိန်းထက်ဇော်က ပြောပါတယ်။
"ဒီနှစ်က ကျောင်းဖွင့်တာလည်း နောက်ကျတယ်။ ပွဲစီစဉ်ဖို့ အချိန်ကလည်း တစ်လလောက် ရတယ်ဆိုပေမယ့် တကယ်တမ်းတော့ ၂ ပတ်လောက်အတွင်း ရအောင် run ရတာပါ။ PR မှာ assign ချတာ လူနည်းသွားတာရယ် ၊ မနှစ်က ပုံစံအတိုင်းမဟုတ်ဘဲ ပုံစံပြောင်းလိုက်တာရယ် အတွေ့အကြုံမရှိသူတွေလည်း ပါလာတာရယ်ကြောင့် ပွဲမှာ အခက်အခဲလေးတွေတော့ ရှိပါတယ်။ " လို့ဆိုပါတယ်။
UCSY IT Camp ပွဲစီစဉ်သူတစ်ချို့
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ဦးစီးကျင်းပကြတဲ့ UCSY IT Camp ဟာ စိတ်ဝင်စားဖွယ် အိုင်တီနဲ့လူမှုဘဝအတွေ့အကြုံများ ဖြန့်ဖြူးတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။