90Hz Screen နဲ့ Motorola ရဲ့ ၂၀၂၂ ဗားရှင်း ဘတ်ဂျက် Stylus ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
တတိယမျိုးဆက် Moto G Stylus ဟာ အရင်မော်ဒယ်တွေထက် စိတ်ဝင်စားစရာ ပိုကောင်းလာပြီး အရေးကြီးတဲ့ Upgrades တွေလည်း အတော်များများ ပါလာပါတယ်။ Moto G Stylus 2022 ဟာ ဈေးနှုန်း မပြောင်းလဲပေမယ့် အရင်နှစ် ဗားရှင်းတွေထက် ဘက်ထရီသက်တမ်း ၊ Screen Refresh Rate နဲ့ ကင်မရာပိုင်းတွေ ပိုသာလွန်အောင် ထုတ်ထားပါတယ်။
Photo: The Verge
မျက်နှာပြင်အရွယ်အစားကို အရင်နှစ်ကအတိုင်း ၆.၈ လက်မဆိုဒ် သုံးထားပေမယ့် punch-hole ကင်မရာကို အပေါ် ဘယ်ထောင့်နေရာကနေ အလယ်တည့်တည့် ပြောင်းပြီး ထားရှိလာပါတယ်။ Screen ရုပ်ထွက် FHD+ ဖြစ်ပြီး ပိုပြီး သွက်လက်မြန်ဆန်တဲ့ 90Hz Refresh Rate နဲ့ လာပါတယ်။
ဒီဖုန်းရဲ့ ထူးခြားမှုတစ်ခုဖြစ်တဲ့ Stylus ကိုတော့ ဖုန်းကိုယ်ထည်ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Samsung ထုတ် S Pen လောက် အမိုက်စား Features တွေ မပါပေမယ့် Stylus နဲ့ ဖုန်းပေါ်မှာ မှတ်စုမှတ်တာ ၊ ပုံကြမ်းခြစ်တာမျိုးတွေ လုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက 3.5mm headphone Jack နားကြပ်ပေါက် ပါလာခြင်းပဲ ဖြစ်ပါတယ်။
Processor ပိုင်းမှာ Snapdragon Chipset ကနေ MediaTek Helio G88 SoC ကို ပြောင်းသုံးလာပါတယ်။ အရင်နှစ် မော်ဒယ်ဟာ RAM 4GB သုံးခဲ့ရာကနေ ဒီဗားရှင်းမှာ RAM 6GB ၊ OnBoard Storage 128GB သုံးထားပါတယ်။ ဘက်ထရီပါဝါပိုင်းမှာ 4000mAh ကနေ 5000mAh ဆိုဒ် ပြောင်းလာပြီး တစ်ခါအားသွင်းထားရင် နှစ်ရက်အထိ အားခံမယ်လို့ Motorola က ဆိုပါတယ်။
Photo: The Verge
ရှေ့ဘက် Punch-Hole ကင်မရာပေါက်ထဲမှာ 16MP Selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ 50MP Main Sensor နဲ့အတူ 8MP Ultrawide/Macro Lens နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာသုံးလုံးပါရှိမှာပါ။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ Moto ရဲ့ My UX interface နဲ့ လာပါတယ်။
Moto G Stylus 2022 ကို Twilight Blue နဲ့ Metallic Rose နှစ်ရောင်နဲ့ ဖြန့်ချိထားပြီး ၂၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။