Motorola ဖုန်းတွေထဲမှာ ပထမဆုံး pen ပါတဲ့ ဖုန်းဖြစ်မှာပါ

Motorola ရဲ့ ဖုန်းသစ်ဟာ Galaxy Note လိုမျိုး pen နဲ့ လာဖို့ ရှိနေပါတယ်။

upper mid-ranger ဖုန်းတွေ နဲ့ လူသိများတဲ့ Motorola ဟာ Moto G Stylus နာမည်နဲ့ ဖုန်းသစ်တစ်မျိုးကို ကြေညာသွားဖို့ ရှိပြီး ဒီဖုန်းရဲ့ ထူးခြားမှုက S Pen လိုမျိုး Stylus တစ်ခု ပါမယ်လို့ နာမည်ကြီး စမတ်ဖုန်းသတင်းသမားဖြစ်တဲ့ အီဗန်ဘလတ်စ်က ခန့်မှန်းပါတယ်။


Photo: Android Authority

Moto G Stylus ဟာ Motorola ဖုန်းတွေထဲမှာ ပထမဆုံး stylus သုံးတဲ့ ဖုန်း ဖြစ်ဖို့ ရှိပါတယ်။ ကနေဒါနိုင်ငံ Radio Equipment List (REL) မှာ တွေ့ရတဲ့ အချက်အလက်တွေအရ Motor G Stylus ဟာ XT2043-4 မော်ဒယ်နံပါတ်နဲ့ လာမယ်လို့ ဆိုပါတယ်။ ဖုန်းအကြောင်း အချက်ကတော့ များများစားစား မသိရသေးပါဘူး။

အီဗန်ဘလတ်စ် ရဲ့ အဆိုအရ Moto G Stylus ဖုန်းသစ်ရဲ့ အောက်ခြေမှာ pen အတွက် နေရာထားသွားမယ်လို့ ဆိုပါတယ်။ Moto G Stylus ဟာ ဘေးဘောင်ပါးပါးနဲ့ curved glass မှန် သုံးသွားဖို့ ရှိပါတယ်။ render အရ ဖုန်းရဲ့ အပေါ်ဘယ်ဘက်မှာ punch-hole ကင်မရာပေါက် သုံးထားတာတွေ့ရပါတယ်။

Moto G Stylus ဖုန်းမှာ သုံးမယ့် pen ဟာ အတော်လေး သေးပြီး Samsung Galaxy Note ဖုန်းတွေလိုမျိုး pressure sensitive စနစ် ပါဖို့ မရှိပါဘူး။ ထိပ်မှာ ရာဘာနဲ့ ကွပ်ထားတဲ့ ဒီ pen ဟာ ပုံမှန် stylus လိုမျိုး ပုံဆွဲတာ touch input သုံးတာမျိုး လုပ်ဆောင်နိုင်မှာပါ။

Motorola ဟာ Motorola Razr လို foldable ဖုန်းအပြင် pop-up ကင်မရာသုံး စမတ်ဖုန်းတွေနဲ့ ခေတ်ပေါ် features တွေ ပါတဲ့ စမတ်ဖုန်းသစ်တွေကို ဆက်တိုက် ထုတ်လာနေပါတယ်။ Moto G Stylus ဟာလည်း စိတ်ဝင်စားစရာ mid-ranger ဖုန်းအဖြစ် မြင်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က