ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူသက်တမ်း ၂ နှစ်ပြည့်ပြီလို့ သိရပါတယ်။ သူတို့ ချစ်သူ နှစ်ဦးဟာ ၂၀၁၇ ခုနှစ်က စပြီး လက်တွဲလာခဲ့ကြတာဖြစ်ပါတယ်။
Photo: Yair Yint Aung
အဆိုတော် ရဲရင့်အောင် နဲ့ Dancer မလေး ဧငြိမ်းဖြူ တို့ဟာ မတ်လ ၂၂ ရက်နေ့မှာပဲ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့လေးကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ သူတို့ ချစ်သူနှစ်ဦးက အခုဆိုရင် ချစ်သူသက်တမ်း ၂ နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
‘’ Happy Anniversary ပါ အရူးမရေ ‘’ ဆိုပြီးတော့ ချစ်သူလေး ဧငြိမ်းဖြူကို စနောက်ပြီး သူ့ရဲ့ Facebook Story မတ်လ ၂၂ ရက်နေ့ ည ၉ နာရီကျော်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် ဧငြိမ်းဖြူရဲ့ Facebook Story မှာလည်း Happy 26 လေ အရူးကြီးရေ ‘’ ဆိုပြီးတော့လည်း ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။
Photo: Yair Yint Aung
ရဲရင့်အောင်ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့ ‘’ငါ့ကို နမ်းတဲ့မုန်တိုင်း’’ ရုပ်ရှင်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အကယ်ဒမီဆု စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုအဖြစ် ပရိသတ်တွေကလည်း ရရှိစေချင်နေကြပါတယ်။
Photo: Yair Yint Aung
အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ နှစ်ယောက်စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။