အနုပညာသက်တမ်း နှစ် ၃၀ ကျော်ပါပြီ။

ရန်အောင်က ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေနဲ့ အပျော်ကြီး ပျော်နေတာကို တွေ့ရပါတယ်။ သူဟာ အနုပညာသက်တမ်း နှစ် ၃၀ ကျော်အထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။

Photo: ရန်အောင်

သရုပ်ဆောင် အကယ်ဒမီ ရန်အောင်ကတော့ ‘’ချစ်သူများနေ့’’မှာ ချစ်သူခင်သူတွေ ပေးတဲ့ လက်ဆောင်နဲ့ ဝမ်းသာပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သက်လာရင် ပရိသတ်အခိုင်အမာ ရရှိထားသူဆိုရင်လည်း မမှားပါဘူး။

‘’ ‘ချစ်သူ ခင်သူ မြတ်နိုးသူ’ များ အတွက် ထူးထူးခြားခြား သတ်မှတ်ပေးထားတဲ့ ဒီလိုနေ့မျိုးရောက်ရင် ကျွန်တော့်ကို ချစ်တဲ့သူများ, ခင်တဲ့သူများ,မြတ်နိူးတဲ့သူများဟာ သတိတရရှိပြီး အမှတ်တရ လက်ဆောင်များပို့ပေးတဲ့အတွက် အလွန်ပျော်ရွှင် ပီတိဖြစ်မိပါတယ်ဗျာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: ရန်အောင်

ရန်အောင်ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၃၀ ကျော်အနေအထားတစ်ခုကို ရောက်ရှိလာပြီဖြစ်ပါတယ်။ သူဟာ ဒီနေ့ ဒီအချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးနေရသူဖြစ်ပါတယ်။ အဲဒီနောက် သူ့ရဲ့ အနုပညာမျိုးစက်သစ် ဖြစ်တဲ့ တူလေး မင်းဇေ ကိုလည်း အနုပညာအလုပ်တွေ လုပ်ရင်း သရုပ်ဆောင်ပညာကို သင်ကြားပေးနေသူဖြစ်ပါတယ်။

Photo: ရန်အောင်

အကယ်ဒမီ ရန်အောင်ဟာ ၁၉၉၁ ခုနှစ်က ‘’မယ်သီတာလို မိန်းကလေး’’ ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၅ ခုနှစ်က ‘’ပုဂံမှာ သာတဲ့လ’’ ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၆ ခုနှစ်က ‘’အလင်းဖျော့ ကောင်းကင်’’ ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၈ ခုနှစ်မှာ ‘’ညမင်းသား’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၀ ခုနှစ်မှာ ‘’မောဟ မျဉ်းပြိုင်များ’’ ရုပ်ရှင်ဇာတ်ကား၊၂၀၀၆ ခုနှစ်မှာ ‘’ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ’’ ရုပ်ရှင်ဇာတ်ကား အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင် ဆု (၆) ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

Photo: ရန်အောင်

အဲဒီနောက် သရုပ်ဆောင်ဘက်မှာ ထူးချွန်သူ တင်မကပဲ ဂီတဘက်မှာပါ အသံပါရမီအားကောင်းသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ‘’ ရန်အောင်နှင့် သူ၏ချစ်သူများ’’ တစ်ကိုယ်တော်အခွေ၊ ‘’ရန်အောင်နဲ့ နတ်သမီးများ’’ တစ်ကိုယ်တော်အခွေ အပြင် နောက်ထပ် မင်္ဂလာစုံတွဲ သီချင်းအခွေတွေလည်း ထွက်ရှိထားတဲ့သူပါ။ အနုပညာအလုပ်တွေ ကြိုးကြိုးစားစား ဆောင်ရွက်လျှက်ရှိတဲ့ ရန်အောင်က အခုဆိုရင် အသက် ၅၂ နှစ် ရှိပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က