မင်္ဂလာသတင်းကြားရဖို့တော့ လိုသေးတယ်တဲ့။

ချစ်သူက အရမ်းရှက်တတ်တာကြောင့် ပရိသတ်တွေသိအောင် ထုတ်မပြသေးတာလို့ သူမက ဆိုပါတယ်။ ချစ်သူက ဝဝပြည့်ပြည့်လေးဆိုတော့ အားကိုရတယ်တဲ့။

Photo : Amazing Grace


အေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ခြင်းခံရတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းရဲ့ လက်ရှိအချစ်ရေးကတော့ သာသာယာယာပါပဲတဲ့။ ချစ်သူက အရှမ်းရှက်တတ်တာကြောင့် ပရိသတ်တွေကို ထုတ်မပြသေးတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“ချစ်သူဘဝမှာတော့ ပရိသတ်တွေကို အသိပေးဖို့ အစီအစဉ်မရှိပါဘုး။ အမက ဘာမှမဖြစ်ပေမယ့် သူကသိပ်မနေတတ်ဘူး။ သူများတွေ စိတ်ဝင်စားမှာ ပြီးတော့ အမရဲ့ ချစ်သူမှန်းသိသွားတဲ့အခါ အမအကြောင်းတွေ တစ်ခုခုလာပြောရင် သူနေရခက်မှာမျိုး ဖြစ်မှာစိုးလို့ မထုတ်ပြတာပါ။ သူက လူမသိလေ ပိုကြိုက်လေပဲ။ သူက ပိုရှက်တတ်တယ်” ဆိုပြီး ချစ်သူအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ချစ်သူက ဝဝပြည့်ပြည့်လေးဖြစ်လို့ အားကိုရတယ်လို့လည်း သူမက ဆိုပါတယ်။ “အားကိုးရပါတယ်။ ချစ်သူက ဝဝပြည့်ပြည့်လေးဆိုတော့ အားကိုးရတယ်။ ဒီနှစ်တော့ ထူးထူးခြားခြားတော့ မစဉ်းစားရသေးပါဘူး။အိမ်ထောင်ပြုဖို့ကိုလည်း မစဉ်းစားရသေးပါဘူး။ ဖြစ်ရင်လည်း ဖြစ်သွားနိုင်တပေ့ါနော်။ မခွဲနိုင်ရင်လည်း ယူလိုက်တော့မှာပေ့ါနော်” ဆိုပြီး ရင်ခွင်ရှင်းတမ်း Press show နေ့က ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါတယ်။

Photo : Amazing Grace

မအေးသောင်းကတော့ ပရိသတ်တွေအတွက် သူကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးကို မကြာခင် ပရိသတ်ဆီ အရောက်ပို့တော့မယ်လို့ သိရပါတယ်။

‘’ချစ်ပရိတ်သတ်တွေအတွက် ဟာကနဲ၊ ဟင်ကနဲ ဖြစ်လောက်တဲ့ သီချင်းတစ်ပုဒ်ကို ချပြတော့မှာပါလို့ မအေးသောင်းက ပြောတယ်။ သီချင်းအကြမ်းတော့သီဆိုလို့ ပြီးသွားပါပြီ Studio အပိုင်းလောက်ဘဲ ကျန်ပါတော့တယ်။ ဇွန်လကုန်၊ ဇူလိုင်လလောက်တော့ ပရိသတ်ဆီကိုချပြမှာပါ’’ လို့ မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မေလ ၇ ရက်နေ့ မနက် ၁၀ နာရီကျော်က ရေးသားထားတာတွေ့ရပါတယ်။


Photo : Amazing Grace

ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က