ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ စုံတွဲလေးဟာ ရန်ဖြစ်လို့ ပြန်ချစ်လို့ စုံတွဲလေးပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်တာကြောင့် ကြာကြာစိတ်ဆိုးစိတ်ကောက်တာမျိုး မရှိတဲ့ စုံတွဲလေးဆိုလည်း မမှားပါဘူး။
Photo : ဧငြိမ်းဖြူ FB
လက်ရှိမှာ “ဂျင်ပါတီ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပုံဖော်နေတဲ့ အဆိုတော် ရဲရင့်အောင်က ဇာတ်ကားရိုက်ကူးမှု ပြီးတာနဲ့ သီချင်းခွေထွက်ဖို့ ပြင်ဆင်မယ်လို့ ဆိုပါတယ်။ ထို့အပြင် ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းလေးရေးဖို့ စဉ်းစားထားတာရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပုံစံလေး ရေးပေးဖြစ်မလဲဆိုတာကတော့ သေချာမပြောတတ်သေးပါဘူးတဲ့။
“သူ့အတွက် သီချင်းရေးပေးဖို့ ရှိတယ်။ အခုလောလောဆယ်တော့ မရေးရသေးဘူးဆိုတော့ ဘယ်လိုပုံစံလေး ဖြစ်မလဲဆိုတာ ပြောလို့မရသေးဘူးပေ့ါနော်။ မကြာခင်လာမည်ပေ့ါ” ဆိုပြီး ဇန်နဝါရီ(၇) ရက်နေ့က ပြုလုပ်တဲ့ ဟောက်စား ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
Photo : ဧငြိမ်းဖြူ FB
ရဲရင့်အောင်က အချစ်ရေးနဲ့ ပတ်သက်လာရင် ရင့်ကျက်သူ တစ်ယောက်ဖြစ်လို့ နေပါပြီ.သူကိုယ်တိုင်ကလည်း သူ့ရဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး Social Media တွေပေါ်မှာ ရေးသားလေ့ မရှိဘူးလို့ မီဒီယာတွေကတဆင့် ပြောပြခဲ့ပါတယ်။
'' ရင့်ကျက်တယ်လို့လည်း ခေါင်းစဉ်တပ်လို့ရတယ်ပေါ့နော်. ပြောချင်တာက ဘာမှမှ အကျိုးမှ မရှိတာ ကျွန်တော်လည်း တစ်ခါတလေကျရင် ဖြစ်တတ်တယ်. ငါတော့ ဒီလိုခံစားနေရပြီ ငါ့သူငယ်ချင်းတွေလည်း မြင်ရင်မြင် တချို့လူတွေလည်း မြင်ရင်မြင် ငါတော့ My Story မှာရေးလိုက်ဦးမယ်ဆိုပြီးတော့ ခဏခဏဖြစ်တယ်. ရေးပြီးမှ ပြန်ဖျက်လိုက်ရတာ ခဏ ခဏပဲ'' လို့ ဆိုပါတယ်.။
Photo : ဧငြိမ်းဖြူ FB
အဲ့ဒီနောက် သူ့ရဲ့ ချစ်သူကောင်မလေး ဧငြိမ်းဖြူကိုလည်း Social Media တွေပေါ်မှာ စိတ်ခံစားချက်တွေ မဖော်ပြမိအောင်လည်း သေသေချာချာ ပြောပြထားတယ်လို့ ဆိုပါတယ်. မကြာသေးခင်က ဧငြိမ်းဖြူရဲ့ My Story မှာ လမ်းခွဲလိုက်ပြီ ဆိုတဲ့ စကားကြောင့် ပရိသတ်တွေကြားမှာ ဂယက်ထခဲ့ပါသေးတယ်။
'' သူ့ကိုလည်း မတင်ဖို့ အကြိမ်ကြိမ်ပြောတယ်. အခုမှ မဟုတ်ပါဘူး. အခုတော့ သူပြင်နေတယ် ထင်တာပဲ. ထပ်ဖြစ်လာတော့လည်း ကျွန်တော်လည်း မတက်နိုင်ဘူးပေါ့. ကျွန်တော့် အတွက်ကတော့ ဘာမှ မဖြစ်ပါဘူး. အခုတော့ အချစ်ရေးက သာသာယာယာပဲ ပျော်တယ် ရွှင်တယ်ပေါ့'' ဆိုပြီးတော့ ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။
Photo : ဧငြိမ်းဖြူ FB
အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူတို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ် သင်္ကြန်အပြီးမှာ ချစ်သူတွေဖြစ်ကြောင်း ဝန်ခံလိုက်ကြတာဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက တစ်နှစ်ကျော် ကြာခဲ့ပါပြီ။