မီးငြိမ်းသွားပါပြီ။

မီးလောင်မူကို မီးသတ်ကား (၁၀) စီး နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၅၂ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- Zaw Myo Lwin Fb

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီမိနစ် ၄၀ ခန့်က ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်းဆိပ်ကမ်းမှာ

(၁) ထပ်ကုန်တင်ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန် မသိရှိရသေးဘဲ ဆက်လက် စုံစမ်းနေတယ်လို့ မီးသတ်ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

" ဘယ်ကနေ ဘယ်လိုဖြစ်တာဆိုတာကို အကြောင်းရင်းစုံစမ်းလို့မရသေးဘူး။ ကုန်တင်ယာဉ်လို့ ပြောပါတယ်။ ကုန်တွေ ပါလား မပါလားဆိုတာလည်းမသိသေးပါဘူး။" လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun Duwun ကိုပြောပါတယ်။

မီးလောင်မှုကို Level (1) အဆင့် သတ်မှတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး၊ အသေအပျောက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘဲ ဆက်လက် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က