ဒီနေ့ကတော့ သူ့ရဲ့ ဖေဖေ မွေးနေ့ပါတဲ့။

ဇွဲနိုင်ဝင်းက ချစ်ရတဲ့ ဖခင်အတွက် မွေးနေ့ဆုတောင်းစကားတွေ အများကြီး ပြောပြထားပါတယ်။ မိဘနှစ်ပါးကိုလည်း အသက်ရှည်ရှည်ကျန်း ကျန်းမာမာနေစေလိုတဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။



Photo: Zwe Naing Win Facebook

 

သရုပ်ဆောင်ဇွဲနိုင်ဝင်းက သြဂုတ်လ ၂၄ ရက်နေ့ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ ဖခင်ဖြစ်သူ ဦးခင်မောင်လေး မွေးနေ့မှာ အမှတ်တရ ဆုတောင်းစကားပြောခဲ့ပါတယ်။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ လူပုံအလယ်မှာ မျက်နှာမငယ်ရအောင် ကျွေးမွေးစောင့်ရှောက်လာတဲ့ ဖခင်ဖြစ်သူနဲ့ အတူ မိခင်တို့ကို လည်း ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်။

'' ဒီနေ့ (၂၄.၈.၂၀၁၈)ရက်နေ့ က ကျွန်တော့်ဖေဖေ ရဲ့မွေးနေ့ဖြစ်ပါတယ်ခင်ဗျာ။ HAPPY BIRTHDAY MY LOVELY FATHER ကျွန်တော် တို့ ကို ဒီကနေ့ထိ လူပုံအလယ်မှာ မျက်နှာမငယ်ရအောင် တတ်နိုင်တာထက် အစွမ်းကုန် ပင်ပင်ပန်းပန်း ကြိုးစားပြီး ပညာတတ်များဖြစ်အောင် ခု အရွယ်ထိ လုပ်ကိုင်ရှာဖွေ ကျွေးမွေးစောင့်ရှောက် ဆုံးမသွန်သင်ပေးတဲ့ ဖေကြီးနဲ့မေကြီး ကို သား ရိုသေစွာဖြင့် ကန်တော့ပါတယ်'' လို့ ဆို ပါတယ်။

Photo: Zwe Naing Win Facebook

 

ဇွဲနိုင်ဝင်းကတော့ မောင်နှမ ၃ ယောက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။ သူရဲ့ နာမည်အရင်းကတော့ မောင်စန်းလွင်ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် သူချစ်ရတဲ့ မိဘနှစ်ပါးကို လည်း အသက်ရှည်ရှည် ကျန်းကျန်းမာမာနေစေလိုတဲ့ ဆန္ဒရှိတဲ့ အကြောင်းကိုလည်း သြဂုတ်လ ၂၄ ရက်နေ့ ည 00:09 မိနစ်က ရေးသားထားတာဖြစ်ပါတယ်။

'' ဖေကြီး မွေးနေ့မှ၍ ဖေကြီးနဲ့မေကြီးတို့ သွားလေရာမှာ ဘေးမသီရန်မခပဲ အနာမျိုး(၉၆)ပါးတို့မှကင်းဝေးပါစေ။ အန္တရာယ် ကင်းရှင်းပါ စေ။ သက်ကျော်ရာကျော်ရှည်ပြီး လိုရာဆန္ဒများလည်း ပြီးပြည့်စုံပါစေ။ ဖေကြီးနဲ့မေကြီး အမြဲတမ်း စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေ လို့ သား ဆုတောင်းမေတ္တာပို့ ကန်တော့ပါတယ်။ ဖေကြီးနဲ့မေကြီးကို ချစ်တယ့် သားကြီး မောင်စန်းလွင်'' ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်။

Photo: Zwe Naing Win Facebook

ကိုယ့်ကိုယ်ကို နလန်ပြန်ထူနိုင်အောင် ကြိုးစားနေတယ်ဆိုတဲ့ ဇွဲနိုင်ဝင်း 

ဇွဲနိုင်ဝင်းက ဖခင်ရဲ့ မွေးနေ့မှာလည်း မိဘနှစ်ပါးအတွက် ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ရှိတဲ့ ပတ္တမြားမျက်ရှင်ကိုယ်တော်ဘုရား ဆီမှာလည်း၊ ပန်း၊ ရေချမ်း၊ ဆီမီးအလှူတွေ ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

''ဖေကြီးမွေးနေ့ မှာ ဖေကြီးနဲ့မေကြီး အတွက် ရွှေတိဂုံစေတီတော် အထက်ပစ္စယံမှ ပတ္တမြားမျက်ရှင်ကိုယ်တော်ဘုရားကို ကန်တော့ပွဲ ပန်းတော်သောက်တော်ရေ ဆီမီးများဖြင့် ဆပ်ကပ်လှူဒါန်းပြီး မေတ္တသုတ်တော်နှင့်အတူ (၂၄)ပစ္စည်း ပဋ္ဌာန်းအကျယ် ဒေသနာတော် ကို ရွတ်ဖတ်ပူဇော်ကန်တော့၍ ကုသိုလ်ပြုပါသည်'' လို့ သြဂုတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီ ၅၃ မိနစ်က ရေးသားခဲ့ပါတယ်။

Photo: Zwe Naing Win Facebook

 

အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းတစ်ယောက်ဟာ ဆရာလည်းဖြစ်၊ အစ်ကိုအရင်း တစ်ယောက် လိုချစ်ရတဲ့ ကိုသားကြီး(ခ)ဒွေး မရှိတော့တဲ့နောက် အနုပညာအလုပ်တွေပြန်လုပ်ဖို့ ပြန်ကြိုးစားရုန်းကန်နေရတယ်လို့ Duwun Media ကနေပြောပြခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က