ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မ နှစ်ဦးက ကွယ်လွန်ခဲ့တာ ၆ လပြည့်ပြီဖြစ်တဲ့ ဖခင်ဖြစ်သူအတွက် အလှူအတန်းတွေ လုပ်ပေးခဲ့ကြတာကို တွေ့ရပါတယ်။
Photo: Chit Chit Zaw
သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မ နှစ်ဦးတို့ရဲ့ ဖခင် ဒါရိုက်တာဦးခင်ဇော်ကွယ်လွန်ခဲ့တာ ဇွန်လ ၃ ရက်နေ့က ၆ လပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒါကြောင့် အင်းစိန်ဆေးရုံမှာ အလှူအတန်းတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
‘’အဖိုးလေး (၆)လပြည့်အတွက်ရည်စူးပြီး ''ရွှေခေါက်ဆွဲ''အလှူကို၊ အင်းစိန်ဆေးရုံမှာ သွားရောက်လှူ ဒါန်းခဲ့ပါတယ်။ သမီးတို့ပြုသမျှကုသိုလ်ကောင်းမှု့အစုစုတို့ရဲ့အဖို့ဘာဂကို အဖေရောက်လေရာဘဝ ဘုံဌာနမှ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါစေ’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။
Photo: Chit Chit Zaw
ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော် ရဲ့ ဖခင် ဦးခင်ဇော်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ညက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူတို့ မိသားစုကတော့ အနုပညာတွေ စုပေါင်းနေတဲ့ မိသားစုလေးဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ဖခင်ဖြစ်သူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော်ပါ။ သူတို့ရဲ့ အစ်ကိုဖြစ်သူကတော့ ဒါရိုက်တာ မိုက်တီးဖြစ်ပါတယ်။
Photo: Chit Chit Zaw
လက်ရှိမှာတော့ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ဟာ ရွှေတောင်ခေါက်ဆွဲ လုပ်ငန်းကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလည်း ရှိတာကြောင့် အနုပညာအလုပ်နဲ့ အဆက်အသွယ် မပြတ်သေးပါဘူး။ ချစ်ချစ်ဇော်ကတော့ ဇာတ်ကားတွေ ဆက်မရိုက်ဖြစ်တော့ပေမယ့် လင်းဇာနည်ဇော်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။