သူမက အချစ်ရေးမှာ ကံကောင်းတဲ့သူပါတဲ့။

စံရတီမိုးမြင့်ဟာ အလုပ်တွေ မအားလို့ ချစ်သူထားဖို့တောင် အချိန်မရှိပါဘူးတဲ့။ ဒါပေမယ့် သူမက အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အရမ်းကို အချစ်ကြီးတဲ့သူတစ်ယောက်ပါလို့ပြောပါတယ်။

Photo: San Yati Moe Myint

စံရတီမိုးမြင့်က အချစ်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားဖို့အချိန်မရှိသေးဘူးလို့ဆိုပါတယ်။ အလုပ်တွေ များလွန်းတဲ့ သူမအတွက်တော့ ချစ်သူကို ပေးရမယ့်အချိန်မရှိသေးဘူးလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ချစ်သူထားဖို့ အချိန်မရှိသေးဘူး။ Gym နဲ့ Gym မရှိတဲ့ရက်တွေဆိုရင် ကိုယ့်အလုပ်နဲ့ အလုပ်တွေရှုပ်နေတာပါ။ တစ်ခါတလေကျရင် လက်သည်းဆိုင်တွေတောင် သွားဖို့ အချိန်မရပါဘူး။ လောလောဆယ်တော့ အချိန်မရှိနေဘူး။ ရှိလာတဲ့ တစ်နေ့ကျတော့ ထားမယ်ပေါ့နော်။ သဲက အရမ်းချစ်တတ်တဲ့ Type ထဲမှာပါတယ်။ မခံနိုင်ရင်တော့ ပြေးကြတာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: San Yati Moe Myint

ဆယ်ကျော်သက်အရွယ်တုန်းက ထားခဲ့ဖူးတဲ့ အချစ်ရေးနဲ့ လက်ရှိအချစ်ရေးအပေါ် ခံယူချက်က မတူတော့ဘူးလို့ စံရတီမိုးမြင့်က ပြောပါတယ်။

‘’ ငယ်ငယ်တုန်းကတော့ ဘယ်ခံနိုင်မလဲနော် ကိုယ်က ချစ်တာအပြင် ရစ်တာပါ ပါတာပေါ့။ အခုကျတော့ ချစ်တာပါပဲ။ အရင်ကလို မရစ်တော့ပါဘူး။ ငယ်ငယ်တုန်းကတော့ နင်လည်းချစ်တယ်၊ ငါလည်းချစ်တယ် ဒီလောက်ပဲ။ အခုကျတော့ ငါ့မိသားစုကို သူ ဘယ်လောက်အထိ နားလည်ပေးနိုင်မလဲ၊ သူ့ မိသားစုကို ငါ ဘယ်လောက်အထိ နားလည်ပေးနိုင်မလဲ ရှေ့ရေးကိုရော သူ ဘယ်လောက်အထိ တွေးထားလဲ။ ဒါတွေကို ကြည့်ပြီး ချစ်ရမှာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

တကယ်တော့ စံရတီမိုးမြင့်ဟာ အချစ်ရေးမှာ ကံကောင်းတဲ့သူတစ်ယောက်ပါတဲ့။ သူမကိုယ်တိုင်ကလည်း အရမ်းကို အချစ်ကြီးတဲ့အကြောင်းပြောလာပါတယ်။

‘’ အချစ်ရေး ကံကောင်းတဲ့သူထဲမှာပါတယ်။ ဒါပေမယ့် မညားသာ မညားတာ ချစ်ရင်တော့ တကယ်အချစ်ကံကောင်းတဲ့သူထဲမှာ ကိုယ်ပါတယ်လို့တော့ ထင်တာပဲ။ ရစ်တာတို့၊ အရမ်းစိုးရိမ်တာတို့၊ မခွဲမခွာ မနေနိုင်တာတို့တွေပေါ့နော်။ အဓိက က အဲဒါတွေနဲ့ပဲ ပြဿနာတတ်တာကိုး။ အမေတို့ကတော့ အိမ်ထောင်မပြုလေ ကောင်းလေပဲ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပြန်ပါတယ်။

Photo: Alinn young

စံရတီမိုးမြင့်ဟာ ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့က အသက် ၂၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့ကိုတော့ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူမက အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။ 




Share

Loading Next Article...
က္က