၂၀၂၁ စတုတ္ထသုံးပတ်အတွင်း Subscribe လုပ်မှု နှေးကွေးလာကြောင်း ထုတ်ပြန်လိုက်ပြီးနောက် Netflix ရှယ်ယာဈေးဟာ ၂၀% ကျော်အထိ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။
သောကြာနေ့က ကုမ္ပဏီရဲ့ စတုတ္ထသုံးလပတ်ဝင်ငွေရလဒ်ရှင်းတမ်းမှာ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ဈေးကွက်အသာစီးရလာမှုကြောင့် ကုမ္ပဏီရဲ့ Netflix Streaming ဝန်ဆောင်မှု ဖွံ့ဖြိုးရေး နှေးကွေးလာနေတယ်လို့ ပြောသွားပါတယ်။Netflxi အနေနဲ့ ဝင်ငွေအပေါ်မှာ ခန့်မှန်းချက်ပြည့်မှီခဲ့သလို အမြတ်အစွန်းလည်း တက်ခဲ့ပေမယ့် Subscriber ဖွံ့ဖြိုးမှုပိုင်းမှာ နှေးကွေးခဲ့တယ်လို့ ဆိုပါတယ်။
Photo: thedenverchannel
၂၀၂၀ စတုတ္ထသုံးလပတ်မှာ Netflix ဝန်ဆောင်မှုကို Subscribe လုပ်သူ ၈.၅ သန်း ရှိခဲ့ပြီး ၂၀၂၁ Q4 မှာ paid subscriber ဦးရေ ၈.၂၈ သန်း ရှိခဲ့တာပါ။ StreetAccount ရဲ့ တွက်ချက်မှုအရ ကုမ္ပဏီဟာ နောက်ဆုံးသုံးလပတ်မှာ Subscriber ၈.၁၉ သန်းရှိမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်လို့ ခန့်မှန်းလျာထားချက်အတိုင်း ပြည့်မှီခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဝင်ငွေအနေနဲ့လည်း Refinitv ရဲ့ အဆိုအရ ခန့်မှန်းထားတဲ့အတိုင် ဒေါ်လာ ၇.၇၁ ဘီလျံ ရခဲ့ပြီး ရှယ်ယာတစ်စု ဝင်ငွေ ၈၂ ဆင့်အစား ၁.၃၃ ဒေါ်လာနဲ့ အမြတ်ထွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Subscriber ကျဆင်းလာခြင်းက Netflix ရဲ့ ဈေးကွက်ရှယ်ယာတန်ဖိုးကို ၂၁.၈% အထိ ထိုးကျစေခဲ့ပြီး ဒါဟာ Netflix ရဲ့ ရှယ်ယာဈေး ၂၅% အထိ ထိုးကျခဲ့တဲ့ ၂၀၁၂ ဇူလိုင် ၂၅ ရက်နောက်ပိုင်း နောက်တစ်ကြိမ် အဆိုးဆုံးရှယ်ယာဈေးကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကုမ္ပဏီရဲ့ စတော့ခ်တန်ဖိုး အမြင့်ဆုံးအချိန်က ဒေါ်လာ ၇၀၀ အထိ ပေါက်ခဲ့ပြီး သောကြာနေ့မှာတော့ ဒေါ်လာ ၄၀၀ ပတ်လည်မှာပဲ ရှိနေပါတယ်။
၂၀၂၁ ခုနှစ်အထိ စာရင်းများအရ Netflix ကို အခပေးသုံးသူ Subscriber ပေါင်း ၂၂၁.၈ သန်း ရှိနေပြီး ဒါဟာ Streaming ဈေးကွက်မှာ ဘယ်ပြိုင်ဘက်မဆိုထက် သာလွန်တဲ့ အင်အားလည်း ဖြစ်ပါတယ်။ Netflix နဲ့ အနီးဆုံးပြိုင်ဘက် ဖြစ်တဲ့ Disney ဟာ အောက်တိုဘာလအထိ Subscriber ပေါင်း ၁၁၈.၁ သန်း ရှိထားပြီး ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ အောက်တိုဘာအတွင်း စာရင်းသွင်းသူဦးရေဟာ ၆၀% အထိ ထိုးတက်လာခဲ့ပါတယ်။ Netflix ကတော့ အဲ့ဒီအချိန်မှာ ဈေးကွက်ဖွံ့ဖြိုးမှု ၉% ပဲ ရှိတာ ဖြစ်ပါတယ်။
Photo: new.in-24
Subscriber သစ် ဝင်ရောက်မှု နေးကွေးလာပေမယ့် Netflix ဟာ အမေရိကန် နဲ့ ကနေဒါတို့မှာ Basic Plan လစဉ်ကြေးကို ၁ ဒေါ်လာကနေ ၉.၉၉ ဒေါ်လာအထိ မြှင့်ခဲ့သလို Standard Plan ကိုလည်း ၁၃.၉၉ ဒေါ်လာကနေ ၁၅.၄၉ ဒေါ်လာအထိ တိုးမြှင့်ထားပါတယ်။ ပရီမီယံ Plan ကြေးကိုလည်း တစ်လ ၁၇.၉၉ ဒေါ်လာကနေ ၁၉.၉၉ ဒေါ်လာအထိ ကောက်ခံမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အခုလို ဈေးမြှင့်လိုက်တာကြောင့်ပဲ သုံးစွဲသူ ဖွံ့ဖြိုးမှု ပိုနှေးကွေးသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။
Netflix ဟာ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်မှာ Subscriber သစ် ၂.၅ သန်း ရလာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ Q1 ကာလက ရခဲ့တဲ့ Subscriber ဦးရေ ၃.၉၈ သန်းထက်စာရင် အတော်ကြီး နည်းနေတာလည်း ဖြစ်ပါတယ်။