လယ်တောအိမ်တစ်ခုလုံးကို ငှားပြီး မွေးနေ့ Surprise လုပ်ခဲ့တာပါ။

လှပလွန်းလှတဲ့ သဘာဝတရားတွေကြားထဲမှာရှိတဲ့ "လယ်တောအိမ်" စားသောက်ဆိုင်လေးမှာ ချစ်သူရဲ့ ရိုမန့်တစ်ဆန်ဆန် မွေးနေ့ Surprise လုပ်တာ ခံလိုက်ရတဲ့ နေခြည်ဦးတစ်ယောက် မျက်ရည်ကျမတတ်ပျော်လို့နေပါတယ်။

သရုပ်ဆောင် နေခြည်ဦးဟာ ချစ်သူရဲ့ မွေးနေ့ surprise ကြောင့် အပျော်ကြီးပျော်ခဲ့ရပါတယ်။ ဒီနေ့(ဇန်နဝါရီ၂၅ရက်) အသက်(၂၇)နှစ်ပြည့် မွေးနေ့မှာ ချစ်သူက သူမအတွက် အင်းလေးမှာ ရှိတဲ့ “လယ်တောအိမ်” တစ်ဆိုင်လုံးကိုငှားပြီး မွေးနေ့ Surprise လုပ်ပေးခဲ့တာပါ။



နေခြည်ဦး ချစ်သူက “လယ်တောအိမ်”ဆိုတဲ့ ဆိုင်တစ်ဆိုင်လုံးကိုငှားပြီး ဖယောင်းတိုင်လေးတွေနဲ့ အလှဆင်ကာ ရေပြင်မှာလည်း “Happy Birthday “ ဆိုတဲ့ စာလုံးလေးကို လေဆာမီးနဲ့ဖန်တီးကာ သူမအတွက် မွေးနေ့ Surprise လုပ်ပေးထားတာပါ ။အဲ့ဒီနောက် ချစ်သူက သူမအတွက် နေကြာပန်းပွင့်ကြီးတစ်ပွင့်ကို လက်ဆောင်ပေးခဲ့ပြီး မီးရှုးမီးပန်းများနဲ့ သူမကို အံ့သြသွားအောင် လုပ်ခဲ့ပါသေးတယ်။

Photo : နေခြည်ဦး

သဘာဝတရားလေးတွေ ကြားထဲမှာ တည်ရှိတဲ့ လယ်တောအိမ်ဆိုတဲ့ စားသောက်ဆိုင်လေးမှာ ချစ်သူရဲ့ ရိုမန့်တစ်ဆန်ဆန် မွေးနေ့ Surprise လုပ်တာ ခံလိုက်ရတဲ့ နေခြည်ဦးတစ်ယောက် မျက်ရည်ကျမတတ်ပျော်လို့နေပါတယ်။ ချစ်သူမွေးနေ့ Surprise လုပ်နေတာလေးကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၂၅) ရက်နေ့ ည(၆)နာရီကျော်လောက်က Live လွှင့်ခဲ့ပါတယ်။

ဒီနေ့မနက်ကလည်း သူမလိုချင်တဲ့ ပိုက်ဆံအိတ်လေးနဲ့ချစ်သူက မွေးနေ့ Surprise လုပ်ခဲ့ပါသေးတယ်။ နေခြည်ဦးဟာ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းလောက်က ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ မီဒီယာတွေမှာ ဖြေဆိုဖူးခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ပြန်လည်အဆင်ပြေနေပြီဖြစ်လို့ ပရိသတ်တွေလည်း ဝမ်းသာနေကြပါတယ်။

Photo : နေခြည်ဦး

နေခြည်ဦးက မွေးနေ့ရက် မတိုင်ခင်မှာလည်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ တံတားအဆင်း၊ အလယ်ရွာမှာရှိတဲ့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက်မှ ကလေးငယ် ၂၅၁၅ ဦးအတွက် အလှူအတန်းတွေလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ သစ်တံခါးကျောင်းတိုက်မှာ ထမင်း၊ဟင်း အလှူတွေ အပြင် တခြား လှူဖွယ်ဝတ္ထုအစုစု တို့ကိုလည်း လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။

Photo : နေခြည်ဦး

ဒီနေ့ မွေးနေ့မှာလည်း “ခေတ်သစ်”ဖောင်ဒေးရှင်းသို့ အလှူငွေ သိန်း(၅၀) လှူဒါန်းခဲ့ပါသေးတယ်။ နေခြည်ဦးဟာ လက်ရှိမှာ ဒါရိုက်တာမင်းဦးရိုက်ကူးတဲ့ ‘’ကိုယ်ပွား’’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးေ ရးအတွက် တောင်ကြီးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးလို့ ပြီးသွားရင်လည်း မွေးနေ့အမှတ်တရအဖြစ် မယ်သီလရှင်ဝတ်ဖို့ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က