အဖေ ဘာရေးရေး အပြစ်မမြင်ပါဘူး။

မအေးသောင်းကတော့ သူမနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူက ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးခဲ့တဲ့ စာသားတွေအပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ အဖေ နဲ့ ပတ်သက်လာရင် အပြစ်မမြင်တတ်ဘူးလို့ ဆိုပါတယ်။ 

Photo: Joseph Myint Aung



အေးဝတ်ရည်သောင်းကတော့ ညီအစ်မ သုံးယောက်ထဲမှာမှ ဖခင်ဖြစ်သူရဲ့ အချစ်တွေကို အများကြီးပိုင်ဆိုင်ထားသူပါ။ သူမ နဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်မှာရေးတဲ့အရေးအသားတွေကိုလည်း စိတ်မဆိုးဘူးလို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ကိုယ့်အဖေကတော့ ကိုယ့်ကို အမြဲတမ်းအကောင်းထင်တယ်၊ ကောင်းစေချင်တယ်ပေါ့။ ဒါကတော့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကို ဖခင်ဖြစ်တဲ့သူတိုင်း နားလည်သလို သားသမီးဖြစ်တဲ့သူတိုင်းကလည်း နားလည်မှာပဲပေါ့နော်။ အဲဒါကြောင့် အဖေ ဘာပဲရေးရေး အစ်မက အပြစ်မမြင်ဘူး။ အဖေဟာ ကိုယ့်သမီးကို ချစ်လို့ရေးတာပဲလေ” လို့ သူကဆိုပါတယ်။ 

Photo: Aye Thaung

မအေးသောင်းဟာ မိဘနှစ်ပါးရဲ့ ဆုံးမမှုတွေ အောက်မှာ သေသေချာချာ ကြီးပြင်းလာခဲ့ရတယ်လို့ဆိုပါတယ်။ သားသမီးတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းအပေါ် မိဘတွေက အမြဲတမ်း သွန်သင်ဆုံးမပေးတယ်လို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်က “အဆိပ်” ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ မိဘဆိုတာ ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးဘက်ကပဲ ရပ်တည်ပေးတာပေါ့နော်။ ဘယ်သူနဲ့ပဲယှဉ်ယှဉ် ဘယ်သူနဲ့ပဲ နှိုင်းနှိုင်း ကိုယ့်သမီးဘက်က မှန်တယ်။ ကိုယ့်သားသမီးကိုပဲ ပြောချင်မှာပေါ့လေ။ နောက်ဆုံး မှားခဲ့ရင်တောင်မှ နှစ်ကိုယ်ကြားဆုံးမစကားပြောမှာပေါ့နော်။ အကောင်းဆုံးဖြစ်ချင်တာကတော့ မိဘတွေရဲ့ မေတ္တာပဲပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: Li John

သူမကို ချစ်တဲ့ ဖခင်ဖြစ်သူရဲ့ အချစ်တွေကိုလည်း မအေးသောင်းက ပုံဖော်ပြောပြလာပါသေးတယ်။ မအေးသောင်းနဲ့ပတ်သက်ပြီး အရမ်းချစ်တတ်ကြောင်း စာတွေရေးရင်တော့ အဖေပဲဆိုတာ သိနေတယ်လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။ 

“ မိဘကတော့ သားသမီးကို ချစ်တာပါပဲ။ ပြီးတော့ မိဘဆိုတာ သားသမီးကို ကလေးလိုပဲ မြင်နေတုန်းပဲ။ အစ်မကိုယ်တိုင်လည်း အမြဲတမ်းပြောပါတယ်။ မအေးသောင်းလေး ချောလိုက်တာ၊ လှလိုက်တာ၊ နန်းဆန်တဲ့ အလှလေးနဲ့ဆိုရင် ဘယ်သူတင်ထားတာလဲ ကြည့်လိုက်ရင် ကိုယ့်အဖေပဲ။ မိဘနဲ့ သားသမီးအချစ်ကတော့ နှိုင်းယှဉ်လို့မရဘူးပေါ့နော်”လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Aye Thaung

မအေးသောင်းက ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ အဲဒီနောက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ပုဂံ ကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုလာဖို့အတွက်ကိုလည်း အနုပညာရှင်တစ်ယောက်အဖြစ် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က