၁နှစ်ကျော်အကြာ လက်တွဲခဲ့တာပါ။

ဆိုဖီယာဟာ လမ်းခွဲ ခဲ့ပြီးတဲ့ ချစ်သူအပေါ် သိက္ခာကျစေမယ့် အရာတွေ မလုပ်ဘူးလို့ ဆိုပါတယ်။ ချစ်သူဟောင်း အပေါ်မှာလည်း သူမကိုယ်တိုင် အမှန်တကယ် ချစ်မြတ်နိုးခဲ့တာပါလို့ ရင်ဖွင့်ပြောပြလာပါတယ်။

Photo: ဆိုဖီယာ



ဆိုဖီယာက လက်ရှိမှာတော့ သူမရဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ဆိုပါတယ်။ ချစ်သူဟောင်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ရင်ဖွင့်မပြောပြခဲ့ပေမယ့် သူမ အသည်းကွဲတယ်ဆိုတာကိုတော့ ပရိသတ်တွေကို ရင်ဖွင့်ဖြစ်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှတော့ ပြောစရာမရှိပါဘူး။ အခု ကိုယ်တစ်ယောက်တည်းပဲ အနုပညာအလုပ်တွေ ဆက်လုပ်နေပါတယ်။ တစ်ဖက်လူ သိက္ခာကို ချစေတယ်ဆိုတာကလည်း သူ့ကို မကောင်းကြောင်းပြောမှလေ နော်။ တစ်ဖက်လူ သိက္ခာကျအောင်လည်း အခုချိန်ထိ ဆိုဖီယာ ဘာမှ မပြောသေးပါဘူး။ Status လည်း မတင်ဘူး။ ကိုယ့်ဘာသာကိုယ် အသဲကွဲတာ တင်တယ်။ ဒါကလည်း ကိုယ်ဆိုမယ့် သီချင်းထဲမှာ စာသားတွေ အကုန်ပါတယ်ပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာနဲ့ သူ့ရဲ့ ချစ်သူဟောင်း အောင်ဝင်းဇော် တို့ဟာ ချစ်သူသက်တမ်း ၁ နှစ်နဲ့ ၅ လကျော် ကာလမှာ လက်တွဲဖြုတ်ခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ လမ်းခွဲလိုက်ပြီဖြစ်ပေမယ့် တစ်ဖက်သားအပေါ် သိက္ခာကျစေမယ့် အကြောင်းအရာတွေ မပြောဘူးလို့လည်း ဆိုဖီယာက ပြောပါတယ်။

‘’ အခုချိန်မှာ ဘယ်မီဒီယာကပဲ မေးမေး ဆိုဖီယာပါးစပ်ကနေပြီးတော့ ဘာကြောင့် ဆိုတာကို မပြောဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့မှာလည်း ရှေ့ဆက်ဖို့ဆိုတာ ရှိတယ်။ ဆိုဖီယာလည်း သွားဖို့တွေရှိတယ်။ အခုချိန်ထိ သူ သိက္ခာကျအောင်တော့ ဆိုဖီယာ ဘာမှ မလုပ်ထားပါဘူး။ အဲဒီအစား သူ့ကို အရမ်းချစ်ခဲ့တာပါ။ အရမ်းတန်ဖိုး ထားခဲ့တာပါ။ အခြေအနေတစ်ခုကြောင့် အဆင်မပြေတဲ့အတွက် အခုလို ဖြစ်သွားတာပါ’’ လို့ ဇွန်လ ၂ ရက်နေ့က ပြုလုပ်တဲ့ မေဘယ်လင်း ကုန်ပစ္စည်းမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: ဆိုဖီယာ

ချစ်သူဟောင်း နဲ့ ဆိုဖီယာတို့ ကြားက အဆင်မပြေမှုတွေဟာ ကာယကံရှင်တွေပဲသိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူကောင်းတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုဖီယာက ပြောပြခဲ့ပါတယ်။

‘’ သူကလည်း လူကောင်းတစ်ယောက်ပါ။ ဆိုဖီယာတို့က အဆင်ပြေပါတယ်။ ဒီကြားထဲမှာကလည်း ကိုယ့်အတွက် Parsonal အကြောင်းအရာဆိုတော့ အားလုံးလည်း မပြောပြချင်ဘူးလေနော်။ လူတိုင်းမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အကြောင်းအရာလေးတွေရှိတယ်။ အဲဒီအတွက် အဆင်မပြေတာလေးတွေ ဖြစ်သွားတာပေါ့။ အဲဒီတော့ သူလည်း သက်သက် ကိုယ်လည်း သက်သက်ဖြစ်သွားတယ်။ ဒါပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က