ယောကျ်ားလေးတွေကို ကြိုက်ရတာ ကြောက်လာပြီ။

J Naw တစ်ယောက် ယောကျ်ားလေးတွေနဲ့ ချစ်သူဖြစ်ရတာ ကြောက်လာပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သူမက မိန်းကလေး အချင်းချင်း လက်တွဲရင်တော့ စိတ်ချမ်းသာစရာကောင်းမယ်လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: J Naw

ကချင်တိုင်းရင်းသူလေး J Naw က သူမရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင် းပြောပြလာပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အချစ်ရေး အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ရင်ဖွင့်ခဲ့ပါသေးတယ်။

‘’ ယောကျ်ားတွေကို ကြိုက်ရတာ ပိုကြောက်လာသလိုပဲ။ မိန်းကလေးအချင်းချင်းကြိုက်ရင်ပိုကောင်းလိမ့်မယ်လို့ထင်တယ်။ အဲဒါကြောင့်မို့လို့ မိန်းကလေးအချင်းချင်းပဲ Relationship တင်တော့မလို စဉ်းစားနေတယ်။ နော ကို ချစ်တဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ မိန်းကလေးအချင်းချင်းစိတ်ဝင်စားတာပေါ့နော်။ ကြိုက်တဲ့လူတွေ အများကြီးပဲ’’ လို့ သူကဆိုပါတယ်။

Photo: WAI

J Naw ဟာ လမ်းခွဲခဲ့ပြီးသား ချစ်သူဟောင်းကိုလည်း ပျော်ရွှင်ပါစေလို့ ဆုတောင်းစကားပြောခဲ့ပါတယ်။ သူမကတော့ အချစ်ကို ကစားခဲ့တာ မဟုတ်ပါဘူးတဲ့။

‘’ အချစ်ကိုတော့ စိန်ပြေးလိုက်တမ်း ကစားနေတာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ့်ဆီကနေ ထွက်ပြေးသွားတဲ့သူ၊ ကိုယ့်ရင်ခွင်မှာ နေရင်းနဲ့မှ ထွက်ပြေးသွားတဲ့သူကို လိုက်မနေတော့ဘူး။ လွှတ်ပေးလိုက်တယ် နောက်လူရင်ခွင်မှာ ပျော်ရွှင်ပါစေပေါ့’’ ဆိုပြီးတော့ ဇွန်လ ၃ ရက်နေ့က Lady Boy ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲမှာ ဖြေဆိုခဲ့တာပါ။ အခုလို ဆုတောင်းပေးလိုက်တဲ့ ချစ်သူ ကိုတော့ J Naw က ဘယ်သူဆိုတာ ပြောပြခဲ့တာ မရှိပါဘူး။

Photo: J NAw

လက်ရှိမှာတော့ တိုင်းရင်းသူ မော်ဒယ်မလေး J Naw က ချစ်သူမရှိတဲ့ တစ်ကိုယ်တည်းအပျိုလေးဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သူမကတော့ မိန်းကလေးအချင်းချင်းပဲ လက်တွဲရတာ စိတ်ချမ်းသာမယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

‘’ စိတ်ချမ်းသာမယ်လို့လည်း ခံစားရတယ်။ အခုခေတ်ကြီးက စိတ်ရှည်၊ နားလည် သည်းခံ အသည်းကွဲကျန်။ နားလည်မှုတွေပေးလိုက်၊ သည်းခံမှုတွေ ပေးလိုက်၊ အဲဒါဆိုသေချာတယ်။ ခဏကြာလို့ရှိရင် အသည်းကွဲကျန်တော့မှာ။ မိန်းကလေးအချင်းချင်းကျတော့ ညီအစ်မလိုလည်း ပေါင်းလို့ရတယ်၊ သူငယ်ချင်းလိုလည်း ပေါင်းလို့ရတယ်။ နောက်ဆုံး တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ရင်တောင် ဘာမှ ထိခိုက်နစ်နာမှု မရှိဘူး။ လောလောဆယ်အတွက်တော့ ယောကျ်ားလေးတွေအတွက် အခွင့်အရေးမရှိဘူး။ Single is the best. အခုအချိန်မှာပေါ့’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: WAI

J Naw ဟာ လက်ရှိ မော်ဒယ်လောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေ ရသလို ဖက်ရှင်ရှိုးပွဲတော်တော်များများမှာလည်း J Naw ဟာ မရှိမဖြစ် ပါဝင်ခွင့်ရသူတစ်ဦးပါ။ သူမဟာ ပရဟိတအလုပ်တွေမှာလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တတ်သူ တစ်ယောက်ပါ။

Share

Loading Next Article...
က္က