အိုင်ရင်းဇင်မာမြင့်က လက်ထပ်တော့မယ်ဆိုမှသာ သူမရဲ့ ချစ်သူကို ထုတ်ပြတော့မယ်လို့ ဆိုပါတယ်။ ဒီချစ်သူကြောင့်ပဲ သူမကိုယ်တိုင်လည်း ရင့်ကျက်သူတစ်ယောက်ဖြစ်နေပြီလို့ သိရပါတယ်။
Photo: Irene Zin Mar Myint
အိုင်ရင်းဇင်မာမြင့်ကတော့ သူမရဲ့ အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ ဘဝလက်တွဲဖော်ကို လက်ထပ်မှသာ ပရိသတ်နဲ့ မိတ်ဆက်ပေးမယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ အိုင်ရင်းဘဝကတော့ အေးအေးဆေးဆေးပါပဲရှင့်။ ဘာကြောင့်လဲဆိုတော့ အများကြီးပြောရင် အများကြီးအဆဲခံရတယ်လေ။ လက်ထပ်တဲ့အခါမှပဲ တိတိကျကျပြောတာ ကောင်းပါတယ်။ မိန်းကလေးတစ်ယောက် ချစ်သူ ခဏခဏထားတာကို ရည်းစားများတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ပါးသူအတွက်လည်း မကောင်းသလို ကိုယ့်အတွက်လည်း မကောင်းပါဘူး’’ လို့ဆိုပါတယ်။
Photo: Irene Zin Mar Myint
သူမရဲ့ အချစ်ရေးအပေါ် ခံစားချက်တွေ၊ အတွေးအခေါ်တွေက အများကြီးပြောင်းလဲလာပြီလို့ ဆိုပါတယ်။ ဒါကလည်း လက်ရှိ ချစ်သူကြောင့်ပါလို့ အိုင်ရင်းဇင်မာမြင့် က ပြောပါတယ်။
‘’ အများကြီးပါပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အသက်အရွယ်တစ်ခု ရလာပြီဆိုတော့ အရမ်းပျော့ညံ့နေလည်းမကောင်းတော့ဘူးပေါ့။ ပတ်ဝန်းကျင်အပြောင်းအလဲ၊ ပြီးတော့ ဆဲဆိုခံရတာတွေ များလာလို့ ရင့်ကျက်သွားတယ် ထင်ပါတယ်။ အရင်တုန်းက သွေးဆူလွယ်တယ်၊ သွေးဆူတာက ပြဿနာများပါတယ်’’ လို့ ပြဿနာ ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Irene Zin Mar Myint
အိုင်ရင်းဇင်မာမြင့်ဟာ ရင့်ကျက်တဲ့ အတွေးနဲ့ သူမ ချစ်တဲ့ပရိသတ်တွေကို အကောင်းဆုံးတွေပဲ ခံစားစေချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ တစ်ခါတလေကျရင် ဘယ်အရာမဆို ကောင်းတယ်ရယ်လို့တော့ မရှိပါဘူး။ အရာအားလုံးကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းဖို့ပဲ ရည်ရွယ်ထားတယ်။ မလိုအပ်ပဲနဲ့ Public ကို ခဏခဏချပြနေတာမျိုး မလုပ်တော့ဘူးပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကို ချစ်တဲ့သူတွေကို ကောင်းခြင်းတွေပဲ ပေးချင်တယ်’’ လို့ သူကဆိုပါတယ်။
Photo: Irene Zin Mar Myint
အိုင်းရင်းဇင်မာမြင့်ကို Melody World သီချင်းဆို ပြိုင်ပွဲကြီးကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ပရိသတ်အချစ်တွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမ သီဆိုထားတဲ့ ‘’အကြောင်းပြန်ပေးပါ’’ သီချင်းကလည်း လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။