အဆိုတော် သားဂန်းဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ချစ်သူကြောင့် သူကိုယ်တိုင်လည်း အရင်ကထက်ပိုပြီး ဘုရားတရားပိုလုပ်ဖြစ်နေတယ်တဲ့။
ပရိသတ်တွေကြားထဲမှာ မနဲ့မောင်ဆိုပြီး နာမည်ကြီးနေတဲ့ အဆိုတော်သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အနုပညာရှင် စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ အဆိုတော် သားဂန်းဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ချစ်သူကြောင့် သူကိုယ်တိုင်လည်း အရင်ကထက်ပိုပြီး ဘုရားတရားပိုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဘာသာရေးကိုင်းရိူင်းတဲ့ ချစ်သူကြောင့် ကျွန်တော်လည်း အရင်ကထက် ဘုရားတရားပိုလုပ်ဖြစ်တယ် ခု ကျွန်တော်အဓိဌာန်ဝင် ကိုးနဝင်းစိပ်နေတာပါ။ တစ်ခါစိပ်ပြီးပါပြီ။ ၉ဆင့်ထိ အောင်ပြီးပါပြီ။ တကယ်လုပ်နိုင်ရင် တကယ်ထူးခြားပါတယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
သားဂန်းအနေနဲ့ ဘာသာရေးကိုင်းရှိုင်းသလို ဘေဘီမောင်ကလည်း ဘာသာရေးကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ ဘုရားတရားလုပ်ရတာ၊ ဘုရားတွေပင့်ပြီး အိမ်မှာ အလှူဒါနပြုရတာကိုလည်း သဘောကျနှစ်သက်တယ်လို့ ပြောဖူးပါတယ်။
“ဘုရားခန်းကို ခမ်းခမ်းနားနားလေးထားပီး ဘုရားဖူးမျှော်ကိုးကွယ်ချင်တာ ခုလောလောဆယ် တိုက်ခန်းလေးဆိုတော့ ဘုရားခန်းလေးကျဉ်းတယ်
တစ်နေ့နေ့တော့ တိုက်ကြီးကြီးမှာ ဘုရားခန်းကို ခမ်းခမ်းနားနားထားပီး ဘုရားကို ကိုးကွယ်ဖူးမျှော်ချင်ပါတယ်။ ပဌာန်းတွေလည်း ရွှတ်ဖတ်မယ် မေတ္တာတွေလည်းပို့မယ် ဘုရားတရားလုပ်ရတာ ဘုရားတွေပင့်ပီး အိမ်မှာအလှူဒါနပြုရတာကိုလည်း သဘောကျနှစ်သက်လို့ပါ ချစ်ရတဲ့ပရိတ်သတ်တွေကိုလည်း နေ့တိုင်း မေတ္တာပို့ပါတယ်ရှင်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
ရှေ့သွားနောက်လိုက်ညီလွန်းလှတဲ့ သူတို့စုံတွဲလေးဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ဘေဘီမောင်ဟာ သားဂန်းနဲ့ တွဲနေတယ်ဆိုတဲ့အကြောင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပုဂံမှာရိုက်ထားတဲ့ စုံတွဲပုံလေးတွေကနေတဆင့် ပရိသတ်ကို အသိပေးလိုက်တာပါ။
သားဂန်းကို ‘’အိပ်မက်ဆုံရာ (ရာသက်ပန်)’’ သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ ဘေဘီမောင်ကိုတော့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်လည်း အနုပညာအလုပ်ထက် ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Baby & Barani Beauty & Fashion House ဆိုင်ကို ဦးဆောင်နေပါတယ်။